စိတ်ဝင်စားစရာ နှာဖာချေးကော် လုပ်ငန်း



နှာဖာချေးကော်လုပ်ငန်းကို သာမန် ကြည့်ပါက သိပ်ထူးခြားမည် မဟုတ်ဟု ထင်ကောင်းထင်ကြလိမ့်မည်။ ယင်းလုပ်ငန်းကို လုပ်ကိုင်သူကလည်း အနည်းငယ်သာ ရှိသည်။ လာရောက်သူ ဖောက်သည်များကို အကောင်းဆုံး ၀န်ဆောင်မှု ပေးရသည့် လုပ်ငန်း ဖြစ်သည့် အပြင် နားအတွင်းရှိ ချေးများကို စိတ်ရှည်လက်ရှည် ပြုလုပ်ရသောကြောင့် တော်ရုံလုပ်ချင်ကြမည် မဟုတ်ပေ။ ယင်းလုပ်ငန်းကို လုပ်ကိုင်နေသူများသည် မိဘ အစဉ်အဆက်က လုပ်ငန်းကို လက်ဆင့်ကမ်း ခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ ချန်ဒူး ဒေသရှိ နာဖာချေး ကော်လုပ်ငန်းသည် စီးပွားဖြစ် လုပ်ကိုင်ခြင်း ဖြစ်ပြီး ခရီးသွားတွေ အတွက် ဆွဲဆောင်စရာ နေရာ ဖြစ်ခဲ့သည်။

ချန်ဒူးဒေသသည် အစားအသောက်ကောင်းများ ရှိရာ နေရာ အဖြစ် ကျော်ကြားသည်။ သို့သော် ချန်ဒူးဒေသတွင် ရှိသည့် နာဖာချေးကော် လုပ်ငန်းသည် ခရီးသွားများ လေ့လာစရာ နေရာ ဖြစ်ခဲ့သည်။ နှာဖာချေး ကော်လုပ်ငန်းကို လုပ်ကိုင်သူများသည် လက်ထဲတွင် ပစ္စည်း ရှစ်မျိုးလောက် ကိုင်ထားသည်။ နားထဲကို ထိုးသွင်း ဖယ်ရှား နိုင်ဖို့ သေးငယ်သော အရာများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထို့ပြင် ခေါင်းတွင်လည်း မီးအလင်းရောင် အသုံးပြုနိုင်ရန် ဓာတ်မီးပုံစံကို ချိတ်ဆွဲမှု ပြုလုပ်ထားသည်။ ကျယ်ဝန်းသော ပန်းခြံထဲတွင် ၀ါးခုံများချကာ ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။ ယင်းလုပ်ငန်းကို လုပ်ကိုင်သူမှာ (၃၀) ဦးခန့်ရှိသည်။ ထိုလုပ်ငန်းကို လုပ်ကိုင်သူများတွင် အသက် အကြီးဆုံး ဖြစ်သည့် ပန်ဒါဂျန်က မိမိသည် မိဘတွေထံမှ လုပ်ငန်းကို ဆက်ခံခဲ့ခြင်း ဖြစ်ကြောင်း၊ သို့ သော် ယနေ့ခေတ် လူငယ်များကမူ စိတ်ဝင်စားမှု မရှိတော့ကြောင်း ယခု လုပ်ငန်းသည် နှစ်ပေါင်း များစွာ လုပ်ကိုင်လာသည့် လုပ်ငန်း တစ်ခု ဖြစ်ကြောင်း ဟြေကြားခဲ့သည်။

နှာဖာချေးကလော်ရန် ခုံတွင် ငြိမ်သက်စွာ ထိုင်လိုက်ခြင်းကြောင့် စိတ်ကြည်နူးမှု ဖြစ်စေပြီး ကျန်းမာရေးအရ အထောက်အကူ ဖြစ်စေသည်။ ယင်းသို့ ပြုလုပ်စဉ် နှိပ်နယ်ပေးခြင်းကို မိနစ် အနည်းငယ် ပြုလုပ်ပေးသည်။

တစ်ခါပြုလုပ်လျှင် မိနစ် (၃၀) ကြာပြီး ပေါင်(၁)ပေါင်သာ ရရှိလေ့ ရှိသည်။ သို့သော်လည်း ချန်ဒူးဒေသရှိ နှာဖာချေးကော် လုပ်ငန်း လုပ်သူများသည် မိဘများ၏ အမွေကို ဆက်ခံပြီး ဆက်လက် လုပ်ကိုင် နေဆဲ ဖြစ်သည်။
messenger news journal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment