မန္တလေး-မူဆယ်ကားလမ်း မိုင်တိုင်အမှတ်(၁၄၃/၄-၅)ကြားတွင် (၂၂)ဘီးယာဉ်နှင့် ခရီးသည်တင်မှန်လုံယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိ၍ သေဆုံး/ဒဏ်ရာရ

(၂၂)ဘီးယာဉ်နှင့် ခရီးသည်တင် မှန်လုံယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိ၍ သေဆုံး / ဒဏ်ရာရ
နေပြည်တော်၊ အောက်တိုဘာ ၃၁

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၊ စံလောင်းကျေးရွာအနီး၊ မန္တလေး- မူဆယ်ကားလမ်း မိုင်တိုင်အမှတ် (၁၄၃/၄-၅)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သီပေါမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ လားရှိုးဘက်မှ မန္တလေးဘက်သို့ ရဲဝင်းအောင် (စိစစ်ဆဲ)မောင်းနှင်လာသော 7B/×××× (၂၂)ဘီးအစိမ်းရောင်ယာဉ်နှင့် မန္တလေးဘက်မှ လားရှိုး ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နေ သက်မောင်(၃၁)နှစ်မောင်းနှင်လာသော 2K/×××× HIGER "GI Group"ခရီးသည်တင်မှန်လုံယာဉ်တို့ လမ်းအလယ်တွင် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး (၂၂)ဘီးယာဉ်မောင်း ရဲဝင်းအောင်နှင့် ယာဉ်နောက်လိုက် အိုက်ဝှီး (စိစစ်ဆဲ)တို့မှာ အခင်းဖြစ်နေရာမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရှိရသည်။

ယာဉ်တိုက်မှုကြောင့် "GI Group"ခရီးသည်တင်ယာဉ်နောက်လိုက်ဖြစ်သူ ချမ်းအေးသာစံမြို့နယ်နေ ကရင်(ခ)စိုးဝင်းတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ယာဉ်မောင်း သက်မောင်၊ ယာဉ်ပေါ်ပါ ခရီးသည်များအနက် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်နေ ဇော်ဝင်းနိုင်(၂၇)နှစ်ပါ (၃)ဦးနှင့် (၂၂)ဘီးယာဉ်ပေါ်တွင် လမ်းကြုံလိုက်ပါလာသည့် လားရှိုးမြို့၊ ရပ်ကွက်(၇)နေ အိုက်ကျိန်း (၂၅)နှစ်တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် ယာဉ်မောင်း ရဲဝင်းအောင်(စိစစ်ဆဲ)နှင့် သက်မောင်တို့ (၂)ဦးအား သီပေါမြို့မရဲစခန်း ယာဉ်(ပ)၃၉/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment