ပုဂံယဉ်ကျေးမှုနယ်မြေအား ခရိုနီများနှင့်ဝန်ကြီးဌာနတို့ ပူးပေါင်းဖျက်ဆီးနေဟုဆို


 ပုဂံယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းဘုရားများအား ခရိုနီများနှင့် ရှေးဟောင်းသုတေသနဌာနတို့ ပူးပေါင်းကာ ဖျက်ဆီးနေကြောင်း ပုဂံချစ်မြတ်နိုးသူများအဖွဲ့က စွပ်စွဲပြောကြားလိုက်သည်။

ပုဂံဒေသခံလည်းဖြစ်၊ ပုဂံချစ်မြတ်နိုးသူများအဖွဲ့ဥက္ကဋ္ဌလည်းဖြစ်သူ ကိုမင်းနိုင်က ''ရှေးဟောင်းဌာနနဲ့ ခရိုနီတွေ ပေါင်းပြီး ယဉ်ကျေးမှုဇုန်ထဲမှာ ဟိုတယ်တွေဆောက်တယ်။ ရှေးဟောင်းက သူတို့ထုတ်ထားတဲ့ ဥပဒေကို သူတို့ မလိုက်နာဘူး။ ဥပမာ ရှေးဟောင်းဘုရားနဲ့ ပေ ၉၀ အကွာမှာ အဆောက်အအုံဆောက်ရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ ဒီမှာတကယ်လက်တွေ့ဖြစ်နေတာက ငါးပေတောင်မကွာဘဲ ဟိုတယ်ဆောက်တယ်။ ဘုရား တွေကို ခြံခတ်ပြီး ဟိုတယ်ဆောက်တယ်။ တိုင်စာပို့တယ်။ ဘယ်သူမှ အရေးမယူဘူး။ ဒါရှေးဟောင်း သုတေသနက လျစ်လျူရှုထားတာပဲ''ဟု ပြောကြားခဲ့သည်။

ပုဂံယဉ်ကျေးမှုဇုန်ထဲရှိ အဆိုးဆုံး အခြေအနေမှာ ဧဒင်လုပ်ငန်းစုမှ ရှေးဟောင်းဘုရားများရှိနေသည့် ဧကများစွာ အား ခြံဝင်းအခိုင်အမာခတ်ကာ ဟိုတယ်ဆောက်လုပ်နေမှုသည် ဒေသခံများအတွက် များစွာသံသယဖြစ်စေ သည်ဟု ဆိုသည်။ ယင်းခြံဝင်းခတ်ထားသည့်အထဲ၌ ရှေးဟောင်စေတီပေါင်း နှစ်ဆယ်ကျော်၊ သုံးဆယ်နီးပါး ရှိနေပြီး လုပ်ငန်းခွင်နှင့်မဆိုင်သည့် မည်သူ့ကိုမျှ ၀င်ရောက်ခွင့်မရှိဘဲ အဆိုးဆုံးအနေဖြင့် ယဉ်ကျေးမှုဝန်ကြီး ဌာနမှ တာဝန်ရှိသူပင် ၀င်ခွင့်မရဟုဆိုသည်။

ဧဒင်လုပ်ငန်းစုသည် ဟိုတယ်လုပ်ငန်းနှင့် စိမ်းလန်းစိုပြည်ရေးအတွက်ဟုဆိုကာ ရှေးဟောင်းဘုရားအဆူ ၂၀ ကျော်ရှိသည့်နေရာအား ခြံဝင်းခတ်ကာ ၁၉ နှစ်ခန့် လုပ်ငန်းဆောင်တာများဆောင်ရွက်နေသည်ဟု ဆိုသည်။ လုပ်ငန်းဆောင်ရွက်မှုများတွင် ရှစ်ပေ၊ ကိုးပေခန့်ကျယ်သည့် မြေကျင်းနက်ကြီးများတူးကာ သစ်ပင်ကြီးများ စိုက်ပျိုးနေသည်ဟုဆိုသည်။ ယင်းကဲ့သို့ လုပ်ဆောင်နေမှုကို အလုပ်သမားတချို့ထံမှသာ စုံစမ်းသိရှိရပြီး ယင်းလုပ်ငန်းခွင်အတွင်းသို့ ၀င်ရောက်ခွင့် မလွယ်ကူသည့်အတွက် မည်သည့်အလုပ်များ လုပ်ဆောင်နေ ကြောင်း မသိရဟုဆိုသည်။

ယင်းလုပ်ငန်းလုပ်သည့်နေရာ၌ သမိုင်းဝင်ထင်ရှားကျော်ကြားခဲ့သည့် ပေါင်းကူးဘုရားပျက်နှင့် ပုဏ္ဏားသချိင်္ုင်းရှိ ခဲ့သည်ဟုဆိုသည်။ ယင်းနှင့်ပတ်သက်၍ ''ပေါင်းကူးပြိုသားငိုတာတောင် မချော့နဲ့ ဆိုတဲ့ ဆိုရိုးစကားရှိခဲ့တယ်။ အဲဒီဆိုရိုးစကားရဲ့အဓိပ္ပာယ်က ပေါင်းကူးဘုရားမှာဌာပနာပစ္စည်းတွေရှိတယ်။ ဘုရားပြိုလို့ရှိရင် သားသမီးငိုနေ တာတောင် ချော့မနေနဲ့ပြေးပြီး ဌာပနာပစ္စည်းတွေ သွားကောက်လို့ လူကြီးသူမတွေပြောခဲ့တာ။ ပုဏ္ဏား သချိင်္ုင်းကလည်း ဘာတွေရှိတယ်ဆိုတာ မသိဘူးလေ။ ဟိုတယ်ဆောက်လုပ်တာ ၁၉ နှစ်ကြာတယ်ဆိုတာ ကြားဖူးလား။ သူတို့ဧဒင်ဆိုတာ ပိုက်ဆံမရှိတဲ့ လုပ်ငန်းစုလည်း မဟုတ်ဘူး''ဟု ပြောကြားခဲ့သည်။

ယင်းကိစ္စများနှင့်ပတ်သက်၍ ပုဂံ ချစ်မြတ်နိုးသူများအသင်းမှ ''အဓိကထား တောင်းဆိုချင်တာက ဟိုတယ်တွေ ထပ်မဆောက်ဖို့၊ ယဉ်ကျေးမှုဇုန်ထဲကဟိုတယ်တွေ အကုန်ပြုပြင်ထုတ်ပေးဖို့၊ မြို့ဟောင်းထဲက ဟိုတယ်တွေ ရပ်ဆိုင်းပယ်ဖျက်ပေးဖို့ တောင်းဆိုချင်တယ်''ဟု ပြောကြားခဲ့သည်။

လက်ရှိ ဧဒင်လုပ်ငန်းစုကဲ့သို့ ဘုရားပုထိုးများအကြား ဟိုတယ်ဆောက်ထားပြီး နိုင်ငံခြားခရီးသွားများအား ဆွဲဆောင်နေသည့် လုပ်ငန်းရှင်းများရှိနေကြောင်း မည်သူမဆို လာရောက်စစ်ဆေးပါက အထောက်အထားနှင့် တကွ တင်ပြနိုင်ကြောင်း ဆိုသည်။

ပုဂံချစ်မြတ်နိုးသူများအသင်း နာယကဦးချင်းဘိုက ''ဗုဒ္ဓဘာသာ စထွန်းကားတဲ့နေရာမှာ ခုစ,ပျက်စီးနေပြီ။ စေတီကြားထဲ ဟိုတယ်ဆောက်ပြီးရင် ညစာစားပွဲတွေလုပ်၊ ပါတီပွဲတွေလုပ်၊ ရေကူးကန်တွေလုပ်၊ ဒေသခံ တွေက မိုးကုတ်ဝိပဿနာတရားစခန်းလေး လုပ်မယ်ဆိုတော့ ယဉ်ကျေးမှုနယ်နိမိတ်နဲ့ မလွတ်ဘူးဆိုပြီး ခွင့်မပြုဘူး။ အတင်းဖျက်ခိုင်းနေတယ်။ နိုင်ငံတော်မှာ ခေါင်းပိုင်းက လှုပ်ပေမယ့် အမြီးပိုင်းနဲ့ခါးပိုင်းက မလှုပ် ဘူး'' ဟု ပြောကြားခဲ့သည်။
လက်ရှိ၌ ပုဂံတွင် ဒေသခံများမှ တပိုင်တနိုင်တည်းခိုခန်းဆောက်လျှင်ပင် ရှေးဟောင်းဌာနမှ လာရောက် တားမြစ်မှုများရှိနေပြီး ယဉ်ကျေးမှုဇုန်ထဲတွင် ဟိုတယ်ကြီးများ ဆောက်လုပ်မှုအတွက် လျစ်လျူရှုနေသည်ဟု ဆိုသည်။

ဧဒင်လုပ်ငန်းစု၏ ဟိုတယ်ဆောက် လုပ်နေမှုနှင့်ပတ်သက်၍ သွားရောက်ဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန်ယူဖြေကြားပေးမည့်သူမရှိကြောင်းနှင့် ၎င်းတို့ဆောက်လုပ်နေသည့်အထဲသို့လည်း ၀င် ရောက်ခွင့်မပြု ခဲ့ပေ။

ပုဂံချစ်မြတ်နိုးသူများ အဖွဲ့မှ ၎င်းတို့ထပ်ဖန်တလဲလဲ တောင်းဆိုချက်များအား လျစ်လျူရှုခံထားရခြင်း အတွက် သတင်းမီဒီယာများအား အကူအညီတောင်းရခြင်းဖြစ်ကြောင်းနှင့် လက်ရှိ အောက်တိုဘာ ၂၈ ရက်အထိ ဧဒင်ဘက်မှ အကြောင်းတစုံတရာ ပြန်ကြားမှုမရှိသေးသော်လည်း စာနယ်ဇင်းရှင်းလင်းပွဲတခု ပြုလုပ် သွားဦးမည်ဟု သိရသည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment