
နိုက်ကလပ်တစ်ခုသို့ လာရောက်ခဲ့သော အမျိုးသမီးနှစ်ဦးသည် အိုင်ဖုန်းရဖို့ အဖော်အချွတ်ပြိုင်ပွဲ ၀င်ရောက်ခဲ့သောကြောင့် အံအားသင့်စရာ ဖြစ်လာခဲ့သည်။ အမျိုးသမီးနှစ်ဦးအနက် တစ်ဦးမှာ အိမ်ထောင်သည် တစ်ဦးဖြစ်ပြီး၊ သူတို့သည် တက်ရောက်လာသော ဧည့်သည်များရှေ့တွင် တစ်ကိုယ်လုံး ချွတ်ပြခဲ့ခြင်း ဖြစ်သည်။ ယင်းအပြုအမူကို လူမှုကွန်ရက်များတွင် အပြင်းအထန် ဝေဖန်ခဲ့ကြသည်။ ဆုကြေးအဖြစ် ပေးသွားမည့် အိုင်ဖုန်းကလည်း မော်ဒယ်နိမ့်ဖုန်း ဖြစ်သည်။ ၂၀၁၃ စက်တင်ဘာတွင် ဖြန့်ချိခဲ့သော iPhone 5 ကို ပေးသွားရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဝေဖန်သူများက ၀င်ရောက် ယှဉ်ပြိုင်သူ အမျိုးသမီးနှစ်ဦးကို ဦးနှောက်မရှိသူအဖြစ် ပြောဆိုခဲ့ကြသည်။
ပြိုင်ပွဲအစီအစဉ် တင်ဆက်သူက မိုက်ဖြင့် အော်ဟစ်ပေးနေပြီး အစောပိုင်းတွင် အမျိုးသမီးတစ်ဦးတည်း ကနေခဲ့သည်။ ယင်းနောက် နောက်ထပ် အမျိုးသမီးတစ်ဦး တက်လာခဲ့ပြီး၊ ကိုယ်တီးလုံးဖြင့် ကခုန်ခဲ့ခြင်း ဖြစ်သည်။ ယင်းကို ဗီဒီယို ရိုက်ကူးပြီး လူမှုကွန်ရက်တွင် တင်ရှိခဲ့ခြင်း ဖြစ်သည်။ လူမှုကွန်ရက်သုံးစွဲသူ တစ်ဦးက မော်ဒယ်နိမ့် ဖုန်းတစ်လုံးကို ရရှိရေး ပြိုင်ပွဲဝင်နေခြင်းကို နားမလည်ကြောင်း၊ ပြိုင်ပွဲ စီစဉ်သူနှင့် ၀င်ရောက် ယှဉ်ပြိုင်သူများသည် ဦးနှောက်မရှိသူဖြစ်ကြောင်း ပြောကြားခဲ့သည်။ လိုချင်တပ်မက်ဇောဖြင့် ၀င်ရောက် ယှဉ်ပြိုင်နေကြသူများ ဖြစ်ပြီး ပညာကို ကောင်းစွာသင်ခဲ့သူများ မဖြစ်နိုင်ကြောင်း ဝေဖန်ခဲ့သည်။
The Messenger
messengernewsjournal.com
0 comments:
Post a Comment