မဲဆွယ်ကာလ ချိန်းခြောက်ရန်ပြုတိုက်ခိုက်ခံရမှုများသည် လူထုကို စည်းကမ်းပျက်စေကြောင်း ကိုမြအေး ပြော


 မဲဆွယ်စည်းရုံးရေး ကာလမှာ ဓါးနဲ့ခုတ်၊ လေးခွနှင့်ပစ် ခြိမ်းခြောက်မှုများက ပြည်သူကို စည်းကမ်းပျက်အောင်လုပ်သလိုဖြစ်နေကြောင်း လူ့ဘောင်သစ်ပါတီမှ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် အောက်တိုဘာ ၃၁ရက်နေ့က မဲဆွယ်စည်းရုံးမှုပြုလုပ်စဉ် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ကိုမြအေးက ပြောကြားလိုက်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၀ ကျော်မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မဲဆွယ်ကာလ ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းဖြစ်ရာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ ကိုယ်ထိလက်ရောက် ခြိမ်းခြောက်မှုများ ရှိနေကြောင်း လွန်ခဲ့သည့်ရက်ပိုင်းအတွင်းကလည်း သာကေတတွင် NLD ကိုယ်စားလှယ်လောင်းတဦး မဲဆွယ်စည်းရုံးရေးစဉ် ဓါးဖြင့် ခုတ်ခံခဲ့သည့် ဖြစ်စဉ်များရှိခဲ့ကြောင်း ၄င်းက ထည့်သွင်းပြောကြားခဲ့သည်။

“ပြိုင်ဘက်ဆိုတာ ရန်သူမဟုတ်ဘူး၊ သိထားဖို့က ရန်ဘက်မဟုတ်ဘူး။ ပြိုင်ဘက်အချင်းချင်း လက်ဆွဲနှုတ်ဆက်ရပြီး နိုင်သွားတဲ့အခါမှာ ရှုံးတဲ့လူက ၀မ်းသာအားရ လက်ခုတ်တီးပြီး ပီတိဖြစ်တာ အဲဒီလို အသိစိတ်ဓါတ်မျိုးပဲ ပြည်သူကို ပေးချင်တယ်။ ဘယ့်နှယ်ဗျာ ဓါးနဲ့ခုတ်တဲ့ဟာနဲ့၊ နယ်တွေရောက်တဲ့အခါကျတော့ လေးခွနဲ့ ပစ်တာနဲ့ ခြိမ်းခြောက်တာနဲ့ ဒါ ဒီမိုကရေစီမဟုတ်ဘူး။ လူထုကို စည်းပျက်ကမ်းပျက်၊ တရားဥပဒေစိုးမိုးမှု မရှိအောင်လုပ်နေတာ၊ အဲ့ဒီနောက်ကို ပြည်သူလူထု မလိုက်ပါနဲ့” ဟု ကိုမြအေးက ပြောသည်။

လူ့ဘောင်သစ်ပါတီမှ ဦးဇေယျ၊ ဦးအောင်ဇေယျတို့က ကျောက်တံတားမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဟောပြောပွဲတွင် ပါတီဒုဥက္ကဌ ဦးကိုကိုအောင်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သူ ဦးတင်မောင်ဦးတို့က တက်ရောက်ဟောပြောခဲ့ကြသည်။

လင်းလင်းအောင်/မင်းဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment