အောက်တိုဘာလ ၃၁ ရက် ၂၀၁၅
သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က ၀မ့်ဟိုင်းဌာနချုပ် အနီးဝန်းကျင် တွင်ဖြစ်ပေါ်လျှက်ရှိသော တိုက်ပွဲများအမြန်ဆုံးရပ်ဆိုင်းပေး ပါရန် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ထံ အောက်တိုဘာ ၃၀ ရက်နေ့က စာရေးသားပေးပို့ခဲ့သည်။
အဆိုပါစာတွင် သျှမ်းပြည်အလယ်ပိုင်းတွင် ဖြစ်ပွါးနေသော တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၆၀၀၀ ခန့်ရှိပြီဖြစ်ကြောင်း၊ လူထုအား သနားညှာတာသော အားဖြင့် တိုက်ပွဲများ ရပ်ဆိုင်းပေး ရန် သမ္မတကြီးအား မေတ္တာရန်ခံကြောင်း ကျားဖြူပါတီ ဥက္ကဌကြီး စိုင်းအိုက်ပေါင်း ကိုယ်တိုင် လက်မှတ်ရေးထိုး ကာ တောင်းဆိုထားသည်။
အောက်တိုဘာလ ၁၉ ရက်နေ့ရက်စွဲဖြင့်လည်း ကျားဖြူပါတီက - တိုက်ပွဲဖြစ် ပွါး နေသည့် ဒေသအတွင်း ရွေးကောက်ပွဲကျင်းပရေး ရက်ရွှေ့ ဆိုင်းပေး ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ထံစာရေးသား တောင်းဆိုခဲ့ ဖူးပါသည်။
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
0 comments:
Post a Comment