ကိုကိုးကျွန်းမှာ မဲဆွယ်စည်းရုံးမယ့် NLD ကိုယ်စားလှယ်လောင်းတွေ အောက်တိုဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင် ရှိ တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်းလင်းစဉ်။ ဓါတ်ပုံ - မမိုးကလျာဦး/RFA |
မနေ့ကစပြီး ကိုကိုးကျွန်းရဲ့ ၅ ပုံ ၄ ပုံလောက်ကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်လိုက်တာဖြစ်တယ်လို့ NLD ပါတီရဲ့ ကိုကိုးကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက ပြောပါတယ်။
"မဲလက်မှတ်တွေ ကျန်နေတဲ့သူတွေပေါ့နော်၊ မနက် ၇ နာရီကနေ ည ၇ နာရီပေါ့နော်၊ မဲလက်မှတ်ဆိုတဲ့နေရာမှာ လွှတ်တော် ၃ ခုမှာ ပထမ လေးရက်ဖွင့်တုန်းက ကျန်နေတဲ့သူတွေစာရင်း ကောက်ထားတယ်၊ အဲ့စာရင်းတွေ ကြည့်လိုက်တော့ ရွေးကောက်ပွဲကော်မရှင်က အဲဒါတွေပြန်ပေးတဲ့အတွက် အဲဒါတွေ ကျနော်တို့ဖွင့်ပြီးတော့ အဲဒါတွေပေးမယ်ပေါ့နော်၊ လုံးလုံးမပါတဲ့ မြို့နယ်တွေကတော့ လူအရေအတွက်နည်းတယ်၊ မြို့နယ်တွေကတော့ များတယ်၊ မြို့နယ်က ၂ဝ၊ ၃ဝ လောက်ရှိတယ်"
NLD ပါတီ ကိုယ်စားလှယ်လောင်း ၃ဦးနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင် ၁၁ ယောက်ဟာ တစ်အိမ်တက်ဆင်းပြီး မဲဆွယ်စည်းရုံးနေတယ်လို့ သိရပါတယ်။
ကိုကိုးကျွန်းမှာ ရေတပ်၊ GE အင်ဂျင်နီယာတပ်၊ အစိုးရ၀န်ထမ်းနဲ့ ပြည်သူတွေ နေထိုင်ကြပြီး မဲပေးခွင့်ရှိသူ ၁၅၀၀ လောက် ရှိတယ်လို့ ကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။
ကိုကိုးကျွန်းမှာ ပြည်ခိုင်ဖြိုးပါတီက အငြိမ်းစားဗိုလ်ချုပ်ကြီးဟောင်း သူရသက်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးဟောင်း ဦးတင်ဝင်းတို့ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး မဲဆွယ်စည်းရုံးရေး ၂ကြိမ်လောက် ဆင်းခဲ့ပြီးဖြစ်ပါတယ်။
NLD ပါတီ ကိုယ်စားလှယ်လောင်းတွေက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ရက်နေ့ကမှ သွားရောက်မဲဆွယ်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ကိုကိုးကျွန်းမှာ NLD ပါတီက ရာနှုန်းပြည့် အနိုင်ရရှိခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese
0 comments:
Post a Comment