
အေသင်အောင်
အမေရိကန်သမ္မတ အိုဘားမားသည် အိမ်ဖြူတော်တွင် ကျင်းပခဲ့သည့် ဟောလိုဝင်း ပွဲတော်ကို ဆင်နွှဲ ခဲ့သည်။ ယင်းပွဲတော်ကို သမ္မတ မိသားစု၊ အိမ်ဖြူတော် ၀န်ထမ်းများ၊ တာဝန် ထမ်းဆောင်နေဆဲနှင့် တာဝန်မှ အနားယူခဲ့သော စစ်တပ်မှ မိသားစုဝင်များ တက်ရောက် ခဲ့သောကြောင့် စည်ကားသည့် ပွဲတစ်ပွဲ ဖြစ်ခဲ့သည်။ ကလေးငယ်များသည် ပွဲတော်ကို လာရောက်ရာတွင် ထူးထူးဆန်းဆန်း အ၀တ်အစားများ ၀တ်ဆင်ခဲ့သည်။ ယင်းသို့ ၀တ်ဆင်ရာတွင် ကလေးငယ် တစ်ဦး ၀တ်ဆင်လာသော ၀တ်စုံကို အိုဘားမားက အလွန် နှစ်သက် ခဲ့သည်။ အဆိုပါ ကလေးငယ်မှာ ဖခင်ဖြစ်သူနှင့် အတူ လာရောက် ရာတွင် ပုပ်ရပာန် မင်းကြီး ပုံစံ ၀တ်ဆင် ခဲ့ခြင်း ဖြစ်သည်။ ကားလက်တွန်းလှည်းဖြင့် လိုက်ပါလာသော ကလေးငယ်သည် အိုဘားမားကို ဖမ်းစားနိုင် ခဲ့သည်။ ထို့ကြောင့် အိုဘားမားသည် ကလေးငယ်နှင့် စကားပြော ခဲ့ပြီး လက်ဆောင် ပစ္စည်းများ ပေးအပ် ခဲ့သည်။ အိုဘားမားနှင့် မိသားစုသည် ဟောလိုဝင်း ပါတီပွဲ တက်ရောက် လာသူများကို အကောင်းဆုံး အရာများဖြင့် ဧည့်ခံ ခဲ့ကြောင်း သိရသည်။
The Messenger
messengernewsjournal.com
0 comments:
Post a Comment