
အေသင်အောင်
One Direction တေးဂီတအဖွဲ့ကို အဓိက အားပေးနေသူများမှာ ဆယ်ကျော်သက် အမျိုးသမီးများ ဖြစ်သည်။ One Direction အဖွဲ့သည် ယခုနှစ်အတွက် ကမ္ဘာလှည့် ဖျော်ဖြေမှုကို ပြီးခဲ့သည့် စနေက ရှက်ဖီးမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ရာ ပရိသတ် ထောင်ပေါင်းများစွာ တက်ရောက် ခဲ့သည်။ ယင်းဖျော်ဖြေမှု၏ နောက်ကွယ်တွင် သတင်း ပေါင်းစုံ ပေါ်ထွက်ခဲ့သည်။ ယင်းမှာ One Direction သည် ပြိုကွဲတော့မည့် သတင်းပင် ဖြစ်သည်။ အဖွဲ့ဝင် အချင်းချင်း သဘောထား မတိုက်ဆိုင်မှုများကြောင့် ပြိုကွဲတော့မည့် သတင်း ထွက်လာခြင်း ဖြစ်သည်။ ယခုနှစ်၏ နောက်ဆုံး ကမ္ဘာလှည့် ဖျော်ဖြေပွဲတွင် အမျိုးသမီးများ၏ အားပေးမှုသည် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ ဆယ်ကျော်သက် အရွယ် အမျိုးသမီးများသည် One Direction ကို သဲသဲလှုပ် အားပေး ခဲ့သည်။
One Direction ကို မြင်တွေ့ ပြီး နောက် မျက်ရည် ကျခဲ့ကြသည်။ ဆိုင်းဘုတ်များတွင် စာသားများ ရေးသားကာ One Direction ကို ထောက်ခံ အားပေး ခဲ့သည်။ One Direction သည် ဖျော်ဖြေပွဲကို လာမည့် ဖေဖော်ဝါရီလတွင် ပြန်စမည် ဖြစ်သည်။ ထို့ကြောင့် One Direction သည် ပရိသတ်များနှင့် ခေတ္တ ကင်းကွာ နေမည် ဖြစ်သည်။ One Direction နှင့် ခေတ္တ ဝေးကွာ နေရသည်ကို ဆယ်ကျော်သက် အမျိုးသမီးကတော့ တစ်ကမ္ဘာဟု ထင်နေကြသည်။
One Direction နှင့် ပတ်သက်သည့် သတင်းများကလည်း နေ့စဉ် ပေါ်ထွက် နေသည်။ နောက်ဆုံး ဖျော်ဖြေပွဲတွင်တော့ One Direction အဖွဲ့ ဆက်ရှိ နေဦးမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ၂၀၁၀ တွင် ဖွဲ့စည်းခဲ့သော အမျိုးသား ဆယ်ကျော်သက် တီးဝိုင်းသည် ကမ္ဘာလှည့် ဖျော်ဖြေရာတွင် လက်မှတ် ( ၈ ဒသမ ၂) သန်း ရောင်းချ ခဲ့ရပြီး၊ အယ်လ်ဘမ် အချပ်ရေ သန်း(၆၀)ကျော် ရှိထားကာ နောက်ဆုံး ထွက်သည့် အခွေမှာလည်း iTunes တွင် နိုင်ငံ(၆၀) ၌ နံပါတ်တစ် နေရာ ချိတ်ထားကြောင်း သိရသည်။ One Direction အဖွဲ့ ကွဲလျှင်တော့ ရင်ကွဲရမည့် သူများကတော့ ဆယ်ကျော်သက် မိန်းကလေးများ ဖြစ်နေသည်။
The Messenger
messengernewsjournal.com
0 comments:
Post a Comment