ဆိုကြမယ်၊ ပျော်ကြမယ်
ဒီတစ်ပတ် ခေတ်အစားဆုံးစကား ကတော့ လွှတ်တော်ဥက္ကဋ္ဌကြီး ကိုယ် တိုင်ပြောကြားတဲ့ ”ဆိုကြမယ်၊ ပျော်ကြ မယ်”ဆိုတဲ့ စကားပါပဲ။
လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်မှာ အဆိုတွေ တင်သွင်းကြ၊ လုပ်ပိုင်ခွင့်ရရင် ကန်ထရိုက်တွေက ပျော် ကြလို့ဆိုတဲ့ စကားမျိုး သုံးနှုန်းသွားပါ တယ်။ နောက် ပြီး မြို့ရွာများ ဖွံ့ဖြိုးရေး အတွက်ကို ကိုယ်စားလှယ်များ တင်ပြ ပြီး ဘတ်ဂျက်ကျလာရင် မကင်းရာမကင်း ကြောင်းတွေရဲ့ သားသမီးတွေကပဲ ကန် ထရိုက်ပြန်ယူပြီး လုပ်ကြ တယ်ပေါ့။
စဉ်းစားကြည့်ပါဗျာ။ အဖေလူကြီး ဖြစ်လို့ အလိုလိုနေရင်း လူကြီးသားဖြစ် လာတာ အလုပ်ကိစ္စတွေ ဘာနားလည် ကြမှာလဲ။ လက်ထဲ ဘတ်ဂျက်ငွေကျတာ နဲ့ ကျွမ်း ကျင်သူတွေနဲ့ တိုက်ရိုက်မအပ် ဘဲ သူတို့ဘာသာ သူတို့ အဆင့်ဆင့်လွှဲ ပေးနေလေတော့ ဘယ်ကိစ္စ ကောင်း ကောင်းမွန်မွန်ရမှာလဲ။ ကန်ထရိုက်ဆို တာကသူမကိုက် တဲ့ကိစ္စ ဘာမှ မလုပ်တဲ့ လူမျိုးလေ။
ဒါကို နားလည်ပြီးလုပ်တဲ့ကန်ထ ရိုက်က သူ့အတွက် ကျန်အောင်လုပ်ပြီး အဆောက်အအုံ၊ လမ်း၊ တံတား စသည် ဖြင့် ကောင်းမွန်အောင်လုပ်ပေးရင်တော့ တစ်မျိုးပေါ့။ အခုဟာက လုပ်ခွင့်ရလို့ ကန်ထရိုက် ပြန်ဆွဲတာဆိုတော့ စဉ်းစား သာကြည့်။ကိုယ်တိုင်လည်း ဘာမှမလုပ် တတ်၊ ဒီကြားထဲ ကိုယ့်အတွက်များများ ကျန်အောင် လုပ်နေ ကြတာဆိုတော့ ဘယ်လိုလုပ်ပြီး ကောင်းတော့မှာလဲ။
ကျွန်တော်တို့ဆီမှာ ဒါမျိုးတွေ ဖြစ် နေတာ အခုမှမဟုတ်ပါဘူး။ ကြာလှပါ ပြီ။ ဒါဟာ အောက်ခြေမှာပဲ ဖြစ်နေတာ မဟုတ်ပါဘူး။ ဘယ်လိုလူကြီးသားမဆို လုပ်ငန်းရှင်တွေ ကန်ထရိုက်တွေချည်းပါ ပဲ။ အင်ဂျင်နီယာဘွဲ့မရသူက တံတား တွေဆောက်၊လမ်းတွေဖောက်၊ စီးပွား ရေးဘွဲ့ရမဟုတ်ဘဲ နိုင်ငံနဲ့ချီပြီး စီးပွား ရေးလုပ်ငန်းတွေလုပ်နဲ့ အမြဲတမ်းအုပ်စိုး ထားကြတာချည်းပါပဲ။ ဘာမှနားမလည် သူက နိုင်ငံတကာနဲ့ စီးပွားတွေလုပ်၊ ဟို ကဆော်လွှတ်လိုက်ရင်လည်း ”ငါ့အ တွက် ကျန်ရင် ဘာဖြစ်ဖြစ်”ဆိုတဲ့ စိတ် နဲ့ ငြိမ်ခံခဲ့လေတော့ ဘယ်လိုလုပ်ပြီး ကောင်းမွန်မှုတွေကို ပြည်သူက ခံစားရ တော့မှာလဲ။ ဒီလိုပဲရှိနေတဲ့ အဖေရဲ့သား များ ကိုယ့်အတွက် ကျန်ရင်ပြီးရော လုပ် လာ လိုက်တာ၊ တိုင်းပြည်သာ ဆင်းရဲ တာ။ ကွက်ပြီး ချမ်းသာတဲ့ သူတွေက လည်း ဘီလျံနဲ့ကိုချီပြီးချမ်းသာနေကြ တာတွေ့ရပါတယ်။ အဲဒီလူတွေက ဘယ် က ငွေတွေရပြီး ဘယ်လိုချမ်းသာနေ ကြလဲဆိုရင် ခုန ဥက္ကဋ္ဌကြီးစကားနဲ့ပဲ ပြန်ပြောရရင် ”ဆိုကြမယ်၊ ပျော်ကြမယ်”က ဆုရထားတဲ့ သူတွေချည်းပဲပေါ့ ဟုတ်ဖူးလား။
►မတွေ့ရှိသော တွေ့ရှိခြင်းများ
အခုတလော လူတွေပါးစပ်ဖျားက ပြန်ငုပ်လျှိုးသွားပြန်တာတော့ နဂါးကြီး ကိစ္စပါပဲ။ အစကတည်းက ရေအောက် ငုံ့နေတဲ့ နဂါးကြီးက ခုပဲ ပေါ်တော့နိုး၊ တော်ကြာပဲ ပေါ်တော့နိုးနဲ့ နောက်ဆုံး တော့ သူ့ဘာသာသူ အေးရာအေး ကြောင်း ရေထဲမှာ(ရှိလား၊မရှိလားတော့ မသိပါဘူး) ပဲရေနဲ့အတူ စုပ်စမြုပ်စ ပြု နေပါပြီ။ သတင်း ထုတ်ပြန်ေ တာ့မှာ မဟုတ်တော့တဲ့အတွက် သတင်းလည်း ကြားရတော့ မယ်မထင်ပါဘူး။ ဒါပေမဲ့ ပူစရာတော့ မလိုပါဘူး။ တစ်ခုလှုပ်လှုပ် ဖြစ်ရင် နဂါးကြီးပြန်ပေါ်ချင် လည်း ပေါ် လာဦးမှာပါပဲ။
►ကျန်တာတော့ ထားပါ။ ကျွန်တော်သိချင်တာက အဲဒီ ရွှေရောင် နဂါးကြီးဟာ ရေချိုနဂါးလား၊ ရေငန် နဂါးလားဆိုတာပါပဲ။
တခြားဟာတွေကတော့ သတင်းမ ထုတ်ပြန်တော့ဘူးဆိုတာလည်း ထား လိုက်ပါတယ်။ ဒါပေမဲ့ လူတွေကိုအိပ်မက် တွေပေး၊ လူတွေကို ဝင်ဝင်ပူးနေတဲ့ နဂါးကြီး ကိုတော့ စိတ်ဝင်စားပါတယ်။ သိရင် ပြောပြပေးကြပါလားဗျာ။
”အဲဒီနဂါးက ရေချိုနဂါးလား၊ ရေ ငန်နဂါးလားလို့” မသိလို့ပါနော်။ စိတ် မဆိုးရဘူး။
►အနိုင်အရှုံး
ပြီးခဲ့တဲ့ ယူ-၁၉ ဘောလုံးအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးသွားခဲ့တာ ကြည့်ပြီး သင်ခန်းစာတစ်ခု ရလိုက်ပါ တယ်။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံကို ကိုယ်အားပေးခဲ့ကြ တာချည်းပါပဲ။ ဒီလို အားပေးခဲ့ကြရတာကိုပဲ အားမလို၊ အား မရဖြစ်မှု၊ နိုင်ငံစွဲနဲ့ အနိုင်ရချင်မှုတို့ လွန် ကဲပြီး တစ်ဖက်သတ်ဆန်ရိုင်းစိုင်းမှုတွေ လည်း ရှိခဲ့ကြပါတယ်။
ဒါပေမဲ့ မြန်မာယူ-၁၉ အသင်းက တော့ သူတို့ကြိုးစားမှုနဲ့ ထပ်တူထပ်မျှ ပရိသတ်ရဲ့ အားပေးမှုကို ထိုက်တန်စွာ လက်ခံရရှိခဲ့ပါတယ်။ ယူ-၁၉ ဟာ အ ရှေ့ပိုင်းပြိုင်ပွဲေ တွမှာ ခြေစွမ်းပြကစား ခဲ့တာကြောင့် ဆုဖလားလည်း ရခဲ့ဖူးပါ တယ်။ နောက်ဗီယက်နမ်နိုင်ငံမှာ ကျင်း ပတဲ့ ပြိုင်ပွဲမှာလည်းပွဲစဉ်အစများမှာ နိုင်ပွဲများ ဆက်ခဲ့ပြန်ပါတယ်။ ပရိသတ် ရဲ့ အားပေးမှုတွေရပြီးကာမှ ရှုံးပွဲတွေနဲ့ ပြန်ကြုံပါတယ်။ ဟုတ်ပါတယ်။ ဒါဟာ ပြိုင်ပွဲပါပဲ။ အနိုင်အရှုံးဆိုတာရှိစမြဲပါ။
ထူးခြားတာက ယူ-၁၉ ဒီပြိုင်ပွဲမှာ ရှုံးခဲ့လို့ ဘယ်သူမှာ အပြစ်မတင်ကြပါ ဘူး။ တရားမျှတတဲ့ ပြိုင်ပွဲ၊ တကယ် လည်း ကြိုးစားယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲမို့လို အရှုံးဆိုတာကို ကျေနပ်စွာ လက်ခံ လိုက်ပါတယ်။ ဒီလိုအရှုံးမျိုးကို မြန်မာ တစ်နိုင်ငံလုံးနီးပါးကလက်ခံကြပါတယ်။ ”ရှုံးသင့်လို့ ရှုံးတယ်ဘာဖြစ်လဲ”ပေါ့။
ကဲ..ဒါဆို အရှုံးကို လက်မခံနိုင် တာ ဘယ်သူတွေလဲ။ တရားမျှတစွာ လည်း မယှဉ်ပြိုင်ရဲဘူး။ ဒါပေမဲ့ မလုပ် မဖြစ် ပြိုင်ပွဲကလည်း လုပ်ရဦးမယ်။ ဒါ ပေမဲ့ ရှုံးမှာကိုလည်း တုန်နေအောင် ကြောက်သေး။ ဒါနဲ့ ကိုယ့်ထဲဝင်မယ့် ဂိုးတိုင်မှာ အုတ်တံတိုင်းခတ်လိုခတ်၊ ဒီ ကြားထဲ ဟိုဘက်က တစ်ယောက်တည်း ဒီဘက်က ခုနစ်ဆယ်နဲ့ ငါးယောက်၊ ဒီ ကြားထဲ ခြေကလိမ်ကွပ်ပြီး ”ဘွာတေး”က လုပ်ချင်သေး။ အဲဒါကိုတောင် ရှုံးရင် လည်း အမှတ်စာရင်းမှာ”ငါတို့နိုင်တယ်” ဆိုတာကလည်း လုပ်သေး။
ကဲ..စဉ်းစားကြည့်ပါဗျာ။ အရှုံး ဆိုတာကိုလက်မခံနိုင်တာ ဘယ်သူတွေ လဲ။ ယူ-၁၉ ဘောလုံးအသင်း ရှုံးတယ် ဗျာ။ ဒီအရှုံးကို တစ်တိုင်း၊ တစ်ပြည်လုံး လက်ခံတယ်။ ဘာဖြစ်လဲ။ ရှုံးသင့်လို့ ရှုံးတယ်ပေါ့။ ဘယ်သူမှ ဒီလောက် သဘောထားမသေးပါဘူး။ စာမတတ်လို့ ဆိုက်ကားနင်းနေရသူတွေတောင် ဒီ အရှုံးကို လက်ခံတယ်။
ဒါဆို ဘယ်သူတွေက သဘော ထားသေးလဲ။ ပြိုင်လိုက်တိုင်း ငါတို့ချည်း နိုင်ရမယ်။ မနိုင်ရင် နိုင်အောင် ညစ် ပတ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ဘယ်သူ တွေဆီမှာ ရှိနေကြ တာလဲ။ တရားမျှတ စွာ ယှဉ်ပြိုင်ပြီး အရှုံးဆိုတာကို ဘယ် သူတွေက လက်မခံနိုင်တာလဲ။
အံ့တော့ အံ့သြစရာပဲ။
►ကိုင်ရင်တက်တယ်ဆိုလို့
အံ့သြစရာတစ်ခုကလည်း ရှိသေး။ ဒီမိုကရေစနစ်နဲ့ လုံးဝမကိုက်ညီတဲ့စနစ် တစ်ခုကို အခုအချိန်မှာ အကျယ်တဝင့် လုပ်နေတဲ့ ဌာနတစ်ခုကလည်း ဘယ် သူ့မှ အကျိုးမပြု ဘဲ ပေါ်ပေါ်တင်တင် ပိုက်ဆံတွေချေးနေတာ မြင်ရတော့ စိတ် တောင်မကောင်းဘူး။
ဒီမိုကရေစီစနစ်မှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိရမှာကို အဲဒီဌာနက အဲဒီလိုမဟုတ်ဘူး။ အလုပ်သမားနဲ့ အစိုးရ ကြားဝင် အပြန်အလှန်ပိုက်ဆံ တွေ ချေးရင်း ပွဲစားဝင် လုပ်နေတာ ကြည့်ရတာ မကောင်းလှပါဘူး။
ဘယ်ခေတ်၊ ဘယ်အခါ၊ ဘယ် တုန်းကမှ အသက်မဝင်ခဲ့တဲ့ ကျားသေ ကြီးကို မန်းမှုတ်ပြီး အသက်သွင်းနေ တာကလည်း ကိုယ့်ဒုက္ခ ကိုယ်ရှာခိုင်း နေသလိုပါပဲ။
အဲဒီဌာနကလည်း ဘယ်တုန်းကမှ မတက်ခဲ့တာကို အခု သူ့လက်ထက်ကျမှ ”ငါကိုင်လို့ တက်လာတာ”ဆိုပြီးလူကြား သူကြား မရှက်မကြောက် ပြောနေတာ ကလည်း အဲဒီလူကြီးပါးစပ်ကို အံ့အား တကြီး ကြည့်နေရပါတယ်။
အကယ်၍များ ”သူကိုင်လိုက်လို့ တက်လာတာ”ဆိုတာကြားရင် ရွာက အဒေါ်ကြီး ဒေါ်စိန်ခင်ပြောတဲ့ စကား သွားသွားသတိရမိတယ်။
”အေးကွယ် အဲဒီလူကြီး ဘာကိုင် ကိုင် တက်လာတယ်ဆို အူကျနေတဲ့ ငါ့ တူလေးစိန်မြင့်အဝှာကို ပေးကိုင် လိုက် ချင်တယ်”
”ဘာလို့လဲ”
”သူကိုင်လိုက်ရင် တက်တက်သွား တယ်ဆို၊ ငါ့တူလေး ကျနေတဲ့ အဝှာ သူကိုင်လိုက်ရင် ပြန်တက်သွားမလား လို့”
လေးစားစွာဖြင့်
အကြည်တော်
Source:Popularmyanmar.com
0 comments:
Post a Comment