သားရဲ့မင်္ဂလာဆောင်မှာ သားနဲ့အတူ တွဲကဖို့ နောက်ဆုံးဆန္ဒ ပြည့်ဝသွားခဲ့တဲ့မိခင်

Mary Ann Manning လို့အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ ရင်သား ကင်ဆာရောဂါနဲ့ မသေဆုံးခင်မှာ ဆန္ဒတစ်ခုရှိခဲ့ပါတယ်။ အဲဒါကတော့ သူမရဲ့သားရဲ့ မင်္ဂလာဆောင်မှာ သူမရဲ့သားနဲ့အတူ တွဲက ဖို့ပဲဖြစ်ပါတယ်။ 
သူမမသေဆုံးခင် ၇၂ နာရီ အလိုမှာ သူမရဲ့ဆန္ဒတွေ ပြည့်ဝခဲ့ပါတယ်။ စက်တင်ဘာ ၅ ရက်နေ့က ပြုလုပ်တဲ့ သူမရဲ့သား ဖြစ်တဲ့ Ryan နဲ့ သူ့ရဲ့ သတို့သမီး Katelyn တို့ရဲ့ ကယ်လီဖိုးနီးယား ပြည်နယ် ၊ St.Regis ဘုရားကျောင်းမှာ ပြုလုပ်တဲ့ မင်္ဂလာဆောင်အခမ်းအနားမှာ Mary Ann Manning ဟာ သူ့ရဲ့သားနဲ့အတူ တွဲကနိုင်ခဲ့ပါတယ်။
Mary Ann Manning ရဲ့ သမီးတစ်ယောက်ဖြစ်တဲ့ Katie Chamberlain ရဲ့ ပြောကြားချက်အရ သူမရဲ့ မိခင် Mary Ann ဟာ ဘီးတပ်ကုလားထိုင်မှာ ထိုင်နေရတာဖြစ်ပြီး သူမရဲ့ သားနဲ့ အတူ တွဲက ရမယ်ဆိုတဲ့ ခံစားချက်တွေကြောင့် ဘီးတပ်ကုလားထိုင်ပေါ်က ထလာနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။
Mary Ann Manning ဟာ အသက် ၆၁ နှစ်ရှိပြီဖြစ်ပြီး ကင်ဆာရောဂါ ဖြစ်နေတာ ၃ နှစ်ခန့် ရှိနေပြီလို့လည်း သိရပါတယ်။ သူမဟာ သူမရဲ့ သား မင်္ဂလာဆောင်မှာ သူမရဲ့ သားနဲ့ တွဲကအပြီး ၃ ရက်အကြာ စက်တင်ဘာ ၈ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။
Ref:lifeandstylemag.com
Mario
Source:Trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment