ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာ ပြည်တွင်းစစ်ကို ထင်ဟပ်စေဖို့ အနက်ရောင်ထိုင်မသိမ်းနဲ့ ဖျော်ဖြေခဲ့တဲ့ ဖြူဖြူကျော်သိန်း

နယ်သာလန်နိုင်ငံတွင် ပြုလုပ်သည့် ကမ္ဘာ့ငြိမ်းချမ်းရေး နေ့ အထိမ်းအမှတ်ဖျော်ဖြေပွဲ၌ မြန်မာပြည်တွင်းတွင်ဖြစ်ပွားနေ သော စစ်ပွဲများကို ထင်ဟပ်စေလို သဖြင့် အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ဖျော်ဖြေခဲ့ကြောင်း ဖြူဖြူ ကျော်သိန်းက ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်ရေးသားထား သည်။
ဖျော်ဖြေပွဲတွင် ဆံပင်ကိုမူ ထုံးဖွဲ့ခြင်းမရှိဘဲ ဖားလျားချကာ ဖျော်ဖြေခဲ့သည်။
‘‘ချိတ်အဆင်က မြန်မာပြည် ကို ကိုယ်စားပြုတယ်။ အနက် ရောင်က စစ်ကြောင့်ကြေကွဲဝမ်း နည်းရတယ်လို့အဓိပ္ပာယ်ရတယ်။ဆံပင်ဖားလျားချရတာက   စစ် ပြေးနေရလို့ မိန်းကလေးတွေဆံ ပင်တောင်မထုံးဖွဲ့နိုင်ဘူးလို့ဆိုလို တယ်’’ဟု ၎င်း၏ဖက်ရှင်နှင့်ပတ် သက်၍ ဖြူဖြူကျော်သိန်းကဖေ့စ် ဘွတ်ခ်စာမျက်နှာတွင်ရေးသား ထားသည်။
ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အ ထိမ်းအမှတ်ဂီတဖျော်ဖြေပွဲအဖြစ် အင်န်ဂျီအိုအဖွဲ့အစည်းဖြစ်သော Master Pieceအဖွဲ့ကပြုလုပ်ခြင်း ဖြစ်ပြီးဖျော်ဖြေပွဲကို နယ်သာလန် နိုင်ငံ၊ အမ်စတာဒမ်မြို့ Ziggo Dome၌ စက်တင်ဘာ ၂၁ရက်က ကျင်းပခဲ့ခြင်းဖြစ်သည်။
ဖျော်ဖြေပွဲတွင် The Scare Rockband     ဖန်တီးပေးထားသော ‘‘စစ်’’ဟုအမည်ပေးထားသည့် ကိုယ်ပိုင်သံစဉ်သီချင်းဖြင့်    သီ ဆိုဖျော်ဖြေခဲ့ပြီး ၎င်းနှင့်အတူ အ ဆိုတော် Lလွန်းဝါက ကချင်ဘာ သာဖြင့်   သီဆိုဖျော်ဖြေခဲ့သလို ကမ္ဘာကျော် Metroplitan Or-chestra က တီးခတ်ပေးခဲ့သည်။
စက်တင်ဘာ ၁၆ရက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ပြီး ယင်းနိုင်ငံသို့ရောက်ရှိနေစဉ်   ၎င်း၏လှုပ်ရှားမှုများကို ဖြူဖြူကျော်သိန်းက ၎င်း၏ Fan Page တွင် တင်ပေးခဲ့သည်။
ဖျော်ဖြေပွဲပြီးသော်လည်း ယင်းနေရာ၌ စက်တင်ဘာ ၂၄ ရက်တွင် အဆိုတော်လေဒီဂါဂါ၏ ဖျော်ဖြေပွဲရှိသောကြောင့်ဖျော် ဖြေပွဲကြည့်ပြီးမှသာ မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိမည်ဖြစ် ကြောင်း   ယင်းခရီးစဉ်  မသွား ရောက်မီက 7Day Dailyအား ဖြေ ကြားထားသည်။
Source:7daydaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment