ဟောင်ကောင်မှာ ကျင်းပမယ့် Mr Asia 2014 ပြိုင်ပွဲမှာ မြန်မာ နိုင်ငံကိုယ်စားပြုအဖြစ်ဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် Mr Asia Myanmar 2014 Kharra (ခ) မျိုး ထွဋ်နိုင် က စက်တင်ဘာ ၁၉ရက်နေ့ ည ၁နာရီလေယာဉ်နဲ့ ဟောင် ကောင်ကို ထွက်ခွာသွားခဲ့ပါတယ်။ ပြိုင်ပွဲအတွက် အကောင်းဆုံးကြိုးစား ပြင်ဆင်ခဲ့တဲ့ Kharra က Talent ပြိုင်ပွဲမှာ မြန်မာ့ရိုးရာမြင်းခင်း အက နဲ့ ယှဉ်ပြိုင်မှာဖြစ်ကြောင်း သိရပါ တယ်။ မြန်မာရိုးရာမြင်းခင်း အက အတွက် ကြိုးစားလေ့ကျင့်ခဲ့ပုံကိုKharra က
“မြင်းခင်းအကဆိုတာက မြန်မာ့ရိုးရာအကပါ။ ကွယ်ပျောက် လုနီးပါးဖြစ်နေတဲ့အကတစ်ခုပါပဲ။ မြင်းခင်းအကကိုအနော်မာ ဦးခင်ရွှေ နဲ့ အနော်မာ ဦးတင်လှိုင်တို့က သင်ပေးပါတယ်။ လွန်ခဲ့တဲ့နှစ် ပေါင်းများစွာက အကကို သင် ယူရတဲ့အတွက် အခက်အခဲတော့ ရှိပါတယ်။ဒီအကကို အရင်တုန်းက သိပ် ပြီးမတွေ့ဖူးဘူး။ မြန်မာအက၊ ပုဂံအကတွေနဲ့ မတူဘူး။ ခုန်ပေါက် ပြီးက ရတဲ့အတွက်ကရတာ လည်း ပိုပင်ပန်းတယ်။ တော်တော် ခက်ခက် ခဲခဲနဲ့ သင်ယူထားရ ပါတယ်” လို့ ပြောပါ တယ်။ Mr Asia 2014 ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေရဲ့ အရည်အချင်းကို စစ်ဆေးတဲ့ Talent ပြိုင်ပွဲ၊ National Costume ဝတ်စုံ၊Swimsuit နဲ့ အနောက်တိုင်း ဝတ်စုံ တွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး National Costume ဝတ်စုံကို ဒီဇိုင်နာမပုံ့ (My Favourite) က ဘုရင်ဝတ်စုံကို စီစဉ်ပေး ထား ကြောင်း သိရပါတယ်။
ဒီဝတ်စုံနဲ့ပတ်သက်ပြီးKharra က “ဟိုးခေတ် ကဘုရင်တစ်ပါးရဲ့ ဝတ်စုံ ဒီဇိုင်းလုပ်ထားပါတယ်။မြန်မာ နိုင်ငံကလည်း ကိုယ့်ထီးကိုယ့် နန်းနဲ့ နေထိုင်ခဲ့တယ်ဆိုတာကို ကမ္ဘာကသိစေချင်တဲ့ အတွက်ဒီ ဝတ်စုံကိုဝတ်တာပါ” လို့ပြောပြီး ပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြု အနေနဲ့အကောင်းဆုံးကြိုးစားခဲ့မှာဖြစ် ကြောင်း လည်း ပြောပါတယ်။ Mr Asia 2014 ပြိုင်ပွဲကိုစက်တင်ဘာ ၁၉ ရက်နေ့ကနေ အောက် တိုဘာ ၁၉ ရက်နေ့အထိ ပြိုင်ပွဲအဆင့်ဆင့်ပြုလုပ် ကျင်းပသွားမှာဖြစ် ကြောင်း သိရပါတယ်။
ခိုင်ဝေလွင်
Source:Popular
0 comments:
Post a Comment