စနေ(Roll-1)ရဲ့ ရုပ်သေး တေးစီးရီးအခွေ စာနယ်ဇင်း မိတ်ဆက်ပွဲ

စနေ(Roll-1)ရဲ့ ရုပ်သေး တေးစီးရီးအခွေထွက်ရှိခြင်း စာနယ်ဇင်းမိတ်ဆက်ပွဲကို စက်တင်ဘာ၊၂၄ရက်နေ့က Orchid ဟိုတယ်မှာ ကျင်းပပြုလုပ်သွားခဲ့ပါတယ်။ အဆိုပါ အခမ်းအနားတွင် တေးသံရှင် စနေ(Roll-1)မှ ရုပ်သေးစီးရီးနဲ့ ပတ်သက်ပြီး အခုလိုပြောပြသွားခဲ့တာကတော့ “ဒီအခွေလေးဖြစ်မြောက်ဖို့ ငါးနှစ်ကြိုးစားခဲ့ရပါတယ်။ အရမ်းလည်း အားထည့်ပြီး ကြိုးစားထားပါတယ်။ ကျွန်တော်ပိုက်ဆံမရှိပါဘူး။ ကျွန်တော့်မိဘတွေ ချမ်းသာရင် ချမ်းသာမယ်။ ကျွန်တော်ကတော့ ဆင်းရဲပါတယ်။  ဒါပေမယ့်ကျွန်တော်မကြောက်ပါဘူး။ ဆင်းရဲတာချမ်းသာတာထက် ကျွန်တော် မျှော်လင့်ထားတဲ့ ကျွန်တော်လုပ်ချင်တဲ့ အနုပညာ အလုပ်တစ်ခုပဲ ဖြစ်မြောက်ဖို့ ကြိုးစားခဲ့တာပါ။ ကျွန်တော်ပထမတုန်းက လူငယ်တွေ အကြိုက်ဖန်တီးလုပ်ထားခဲ့ပါတယ်။ အခု ဒီအခွေမှာကျတော့ လူကြီး၊လူလတ်ပိုင်းအတွက်ဆိုပြီး ရည်ရွယ်ပြီး လုပ်ခဲ့ပါတယ်။ pop rock၊ rock နဲ့gothic ပုံစံမျိုးတွေပါ။ သီချင်း၁၀ပုဒ်ပါပါတယ်။ ၉ပုဒ်ကowntune တွေချည်းပါပဲ။ ဒီအခွေလေးက အခုမှ ပရိသတ်ရှေ့ကို ရောက်ရှိလာတဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေလေးပါ။ ဒီအခွေလေး နားထောင်ပြီးရင်တော့ ဝေဖန်ချက်တွေ လာမှာပါ။ အရင်ပုံစံနဲ့မတူပဲ ပြောင်းလဲထားတြာေ ကာင့်ပါပဲ။ ကျွန်တော့်အခွေရဲ့ လိုအပ်ချက်တွေ၊ အားသာချက်တွေနဲ့ ဘယ်လိုဝေဖန်မှုမျိုး မဆို နားထောင်ဖို့ အဆင်သင့်စောင့်မျှော်နေပါတယ်။ ဒီအခွေလေးပြီးသွားရင် နောက်ထပ် အခွေတစ်ခွေအတွက် စီစဉ်နေပါတယ်။ ကျွန်တော် နောက်ထပ် ဖန်တီးမယ့် အခွေမှာလည်း ဒီအခွေထက်ကောင်းမယ့် သီချင်း မျိုးတွေဖြစ်ဖို့ ကြိုးစားချပြ သွားမယ်လို့ ပြောပါရစေ။ ရုပ်သေးအခွေကို BoBo music ကနေ အောက်တိုဘာ၎ရက်နေ့မှာ ဖြန့်ချိပေးတော့မှာ ဖြစ်ပါတယ်။ အဲဒါပြီးတာနဲ့ အောက်တိုဘာ၂၀မှာကျွန်တော့်ရဲ့ရုပ်သေး MTV ကို တန်းထွက်မှာဖြစ်ပါတယ်”လို့ ပြည့်ပြည့်စုံစုံရှင်းလင်းပြသွားခဲ့ပါတယ်။
စန္ဒီ 
Source:Trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment