စိုးရန်အောင်က ၂ နှစ် ကြာပြီး နောက် သူ့ရည်းစား ဘယ်သူ ဆိုသည်ကို ပရိသတ် များအား ပြောပြမည် ဖြစ်ကြောင်း ၄င်းက ပြောသည်။
”၂ နှစ် ဆိုတော့ တော်တော်စောင့် ရဦးမယ်။ ကျွန်တော် ဖြစ်ချင်တာ က ကျွန်တော့် ရည်းစား ဒီနှစ်မှာပဲ ချပြချင် ပေမယ့် ရုံကို တန်းစီစောင့် ရမှာဆိုတော့ သေချာတယ်။ ၂ နှစ် ဆိုတာကို စောင့် ရမယ်” ဟု စိုးရန်အောင် က ပြောသည်။
စိုးရန်အောင်က ပထမဆုံး ခေါင်း ဆောင်မင်းသား အဖြစ် ပါဝင်သရုပ် ဆောင်သည့် ‘ကျွန်တော့် ရည်းစား ဘုရား မှာ နေသည်’ ရုပ်ရှင် ဇာတ်ကားကို ပရိ သတ်ဆီက အကောင်းဆုံး ဝေဖန်မှုများ ကိုစောင့်နေသလို ယခုလက်ရှိမှာ ‘ကွန်း လုံရက် ၄ဝ’ ဇာတ်လမ်းတွဲ မှာလည်း ပါဝင် သရုပ်ဆောင် ထားသည်ဟု သိရသည်။
”ကျွန်တော့် အချစ်ရေးတွေ ထက် ကျွန်တော့် အနုပညာ အကြောင်းကိုပဲ ပိုပြီးတော့ ပရိသတ်တွေ စိတ်ဝင်စား မယ်လို့ ထင်တယ်” ဟု စိုးရန်အောင်က ပြောသည်။
အနုပညာရှင် တိုင်းကတော့ ကိုယ့် အနုပညာ လှုပ်ရှားမှုကို ဒီနှစ်ရိုက် ဒီနှစ် ရုံတင်ပြချင် ကြတာ အားလုံးပါပဲ။ အချိန် တစ်ခုကြောင့်သာ စောင့်နေရတာပါ” ဟု ၄င်းက ဆိုသည်။
ထူးထူး
Source: Popularmyanmar.com
0 comments:
Post a Comment