ကိုးကန့်စစ်ပွဲကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထိခိုက်လို့ ကာကွယ်ရေးဝန်ကြီးပြော


ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် ကိုတွေ့ရစဉ်။ Photo: Win Naung Toe/RFA
လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ဒီမိုကရေ စီပြုပြင်ပြောင်းလဲရေးကို အဟန့်အတားဖြစ်စေသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုလည်း အနှောက်အ ယှက်ဖြစ်စေကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြောပါတယ်။

မလေးရှားကာကွယ်ရေးဝန်ကြီး   Dato Seri Hishammudin Tun Hussein နဲ့ ဒီနေ့ နေပြည်တော်က Kempiski ဟိုတယ်မှာကျင်းပတဲ့ ပူးတွဲသတင်းစာရှင်း လင်းပွဲမှာ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြောတာပါ။

"လက်ရှိဒီလိုဖြစ်နေတဲ့ တိုက်ပွဲတွေဟာ လက်ရှိ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲဖို့ ဘာပဲပြောပြော အဟန့်အတားဖြစ်တာတစ်ခုပေါ့ ကျနော့်အတွက်တွေ့ပါတယ်၊ ဒုတိယအဓိက တစ်ချက်က ဘာလဲဆိုတော့ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ် စဉ်တွေမှာ ဒါတွေဟာ အဟန့်အတားဖြစ်နေတာကို သွားတွေ့ပါတယ်၊ ဒီနှစ်ခုဟာ အကြီးမားဆုံး ၂ ချက်ဖြစ်ပါတယ်"

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို စစ်အုပ်ချုပ်ရေးနဲ့ ၃ လအတွင်း ပြန်လည်တည်ငြိမ်အောင် လုပ်ဆောင်သွား မှာဖြစ်ပြီး တည်ငြိမ်အေးချမ်းသွားရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ပြန်လည်သတ်မှတ်ပေးသွား မှာဖြစ်ကြောင်း ပြောပါတယ်။

ဒီအတောအတွင်း လောက်ကိုင်မြို့နဲ့ မိုင် ၃ဝ အကွာ ဘုန်းရွှေကျန်းမှာ မနေ့ကနဲ့ ဒီကနေ့  ၂ ရက် ဆက်တိုက် တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ကိုးကန့်အဖွဲ့က RFA ကိုပြောပါတယ်။  ဒါပေမဲ့ တိုက်ပွဲတွေမှာ ထိခိုက်ကျဆုံးတာ နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

RFA Burmese
http://www.rfa.org/burmese/news/government-minister-says-china-involvement-kokang-war-02202015111720.html
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment