ချဲလ်ဆီးအသင်း နည်းပြ မော်ရင်ညိုသည် ဒီယေဂို ကော်စတာကို (၃) ပွဲပယ် ပြစ်ဒဏ် ချမှတ်ပြီး ဂါဘရီရယ်၏ ပွဲပယ်ပြစ်ဒဏ်ကို ပယ်ဖျက်ပေးခဲ့သည့် အင်္ဂလန်ဘောလုံး အဖွဲ့ချုပ် (အက်ဖ်အေ) ၏ ဆုံးဖြတ်ချက်ကို ဝေဖန် ပြစ်တင်ခဲ့ကြောင်း သိရသည်။ ချဲလ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာသည် အာဆင်နယ်အသင်း နောင်ခံကစားသမား ကိုစီရယ်နီကို ကြမ်းတမ်းစွာ ကစားခဲ့ခြင်းကြောင့် (၃)ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဒီယေဂို ကော်စတာသည် ပွဲကစားစဉ်အတွင်း မည်သည့် ပြစ်ဒဏ်မှ ချမှတ်ခံရခြင်းမရှိဘဲ ပွဲအပြီးတွင်မှ ရုပ်သံပြကွက် ပြန်ကြည့်ကာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ သို့ သော် အက်ဖ်အေသည် ပွဲအတွင်း အနီကတ် ပြသခံရသော အာဆင်နယ် နောက်ခံလူ ဂါဘရီရယ်၏ (၃) ပွဲပယ် ပြစ်ဒဏ်ကို ပယ်ဖျက်ပေးခဲ့သည်။
မော်ရင်ညိုက ယင်းကဲ့သို့ ပြုလုပ်ခြင်းကြောင့် ချဲလ်ဆီးအသင်းအတွက် နာကျင်စွာ ခံစားရကြောင်း၊ အက်ဖ်အေ အနေဖြင့် ပြန်လည်ပေးဆပ်မှုကို ပြုလုပ်လိုက်ခြင်း ဖြစ်ကြောင်း ဟြေကြားခဲ့သည်။ ကက်ပီတယ်ဝမ်းဖလား တတိယအဆင့် ပွဲစဉ်တွင် ၀ါဆောအသင်းကို (၄-၁) ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် မော်ရင်ညိုက အချိန်တိုင်း ကစားသမားများ ဆုံးရှုံးနေခြင်းသည် လက်ခံနိုင်စရာ မဟုတ်ကြောင်း၊ ဒဏ်ရာကြောင့် ပါဝင် မကစားနိုင်ခြင်းကို နားလည်နိုင်သော်လည်း အခြားကိစ္စရပ်များကြောင့် အသုံးပြုခွင့် မရခြင်းသည် အလွန်နစ်နာကြောင်း၊ မိမိတို့အနေဖြင့် ယခုကဲ့သို့ ကြုံခဲ့ခြင်းသည် များစွာနစ်နာသောကြောင့် လက်ရှိအခြေအနေကို ထိန်းချုပ်ရန် မလွယ်ကြောင်း ဟြေကြားခဲ့သည်။ ထို့အပြင် မော်ရင်ညိုက ဂါဘရီရယ် ပြစ်ဒဏ်ကို ပယ်ဖျက် ပေးလိုက်ခြင်းသည် လွန်စွာ ဆိုးရွားကြောင်း၊ မိမိတို့အသင်းတွင် ပြီးခဲ့သည့်ရာသီက ယင်းဖြစ်ရပ်မျိုး ကြုံခဲ့သော်လည်း ဖြစ်စဉ်ခြင်း မတူကြောင်း၊ မိမိတို့ ကွင်းလယ် ကစားသမား မာတစ်သည် ခြေထောက်ကျိုးစေနိုင်သည့် ဖျက်ထုတ်မှုကို တုံ့ပြန်ခဲ့ခြင်းကြောင်း ပွဲပယ်ခံရပြီး လျှော့ပေါ့ပေးခံရခြင်း ဖြစ်ကြောင်း ဟြေကြားခဲ့သည်။
0 comments:
Post a Comment