ရေ​ရှည်​တည်​ပြီး အရည်အသွေး​ရှိ​တဲ့ ခရီးသွား​လုပ်​ငန်း ဖြစ်လာ​ဖို့


တာဝန်ယူမှု ရှိသော ခရီးသွား လုပ်ငန်း ကို တွန်းအားပေးဖို့ မြန်မာ အစိုးရ မှာ မူဝါဒ ချထားပေမယ့် တကယ် အကောင်အထည် ဖော်နိုင်ဖို့ တော့ အစိုးရ မှာ စွမ်းရည် နဲ့ အရင်းအမြစ် မရှိဘူး လို့ MRCB ရဲ့ အစီရင်ခံစာ မှာ သုံးသပ် ထား ပါတယ်။
မြန်မာ နိုင်ငံရဲ့ ခရီးသွား လုပ်ငန်း ကဏ္ဍဍ ရဲ့ အားသာချက် နဲ့ အားနည်းချက်တွေ အပေါ် စမ်းစစ် ထားတဲ့ အစီရင် ခံစာ တစ်စောင် ကို Myanmar Centre for Responsible Business (MRCB) ထုတ်ပြန် လိုက်တာမှာ ပုဂံ၊ အင်းလေး နဲ့ ကျိုက်ထီးရိုး အပါအဝင် မြန်မာ့ အထင်ကရ နေရာ တချို့ ဟာ ခရီးသွား လုပ်ငန်း ကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ ဒေသခံ တွေရဲ့ လူမှု ဘဝ တွေ အပေါ် ဖိအားတွေ ကျရောက် စေတယ် ဆိုပြီး ပါဝင် ပါတယ်။

အထင်ကရ နေရာတွေ မှာ အစိုးရ ရဲ့ ခရီးသွား လုပ်ငန်း မဟာ စီမံကိန်း အရ ဟိုတယ် ဇုံတွေ ဖော်ဆောင် တဲ့ အခါ မြေသိမ်းတာတွေ၊ သဘာဝ ပတ်ဝန်းကျင် ကို ထိခိုက် စေတာ တွေ ဖြစ်စေတာ တွေ့ရတယ် လို့ MRCB ရဲ့ ဒါရိုက်တာ ဖြစ်တဲ့ ဗစ်ကီဘိုမဲန် က ပြောကြောင်း အစီရင်ခံစာ ထဲမှာ ဖော်ပြ ထားပါတယ်။

တာဝန်ယူမှု ရှိသော ခရီးသွား လုပ်ငန်း ကို တွန်းအားပေးဖို့ မြန်မာ အစိုးရ မှာ မူဝါဒ ချထားပေမယ့် တကယ် အကောင်အထည် ဖော်နိုင်ဖို့ တော့ အစိုးရ မှာ စွမ်းရည် နဲ့ အရင်းအမြစ် မရှိဘူး လို့ MRCB ရဲ့ အစီရင်ခံစာ မှာ သုံးသပ် ထား ပါတယ်။

ခရီးသွား လုပ်ငန်း မဟာစီမံကိန်းမှာ ထည့်သွင်းထားတဲ့ တာဝန် သိသော ခရီးသွား လုပ်ငန်း မူဝါဒ ကို အပြည့်အဝ အကောင်အထည် ဖော်ဖို့ အပါအဝင် စီမံကိန်း တွေ ဆောင်ရွက် တဲ့အခါ ပိုမိုပြီး ပွင့်လင်း မြင်သာမှု ရှိဖို့၊ ဒေသခံ တွေ ကို ပိုမို ပါဝင် ပတ်သက်ခွင့် ပေးဖို့ စတဲ့ အချက် တွေ ကို MRCB က သူတို့ရဲ့ အစီရင်ခံစာ ထဲမှာ အစိုးရ ကို အကြံပြု ထား ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/burma/2015/02/150220_tourism_report
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment