သင့်ရဲ့ ဆံကေသာအတွက် အလှကုန်တွေ အသုံးပြုရာမှာ နည်းမှန်လမ်းမှန် မသုံးမိပဲ ဆံပင်ကို ပျက်စီးစေတဲ့အဖြစ်မျိုးရောက်သွားအောင် နည်းမှားတွေကို အသုံးပြုနေသလားဆိုတာ ဒီအချက်လေးတွေက ဖော်ထုတ်ပေးနိုင်ပါတယ်။
၂။ဆံပင်မခြောက်သေးပဲ အပူချောင်းသုံးပြီး ဆံပင်ကောက်၊ ဖြောင့်ခြင်း
ဆံပင်သား ပျက်စီးစေတဲ့ အကြောင်းအရာတွေထဲမှာ အဲ့ဒီအပူချောင်းတွေလည်း ပါဝင်နေပါတယ်။ ဆံပင်က ပုံသွင်းရမှာမို့ အပူချောင်းသုံးမယ်ဆိုရင်လည်း ဆံပင်ကို ခြောက်အောင်သေချာသုတ်ပြီးမှသာ အပူချောင်းကို သုံးသင့်ပါတယ်။ ဖြစ်နိုင်ရင် အပူချောင်းမသုံးခင် ဆံပင်သားကို အပူဒဏ်ခံနိုင်မယ့် Heat Protect Spray အရင်ဖြန်းပြီးမှသုံးပါ။
၃။စပရေးဖျန်းတဲ့အခါ ဆံပင်နားအရမ်းကပ်ပြီး ဖျန်းခြင်း
ဆံပင်ပုံကျအောင် စပရေးဖျန်းတဲ့အခါ ခေါင်းနားအရမ်းကပ်ပြီး ဖျန်းတာမျိုး မလုပ်သင့်ပါဘူး။ အဲ့ဒီလို လုပ်မယ့် စပရေးကိုင်ထားတဲ့ လက်နဲ့ နည်းနည်းလေးခြားပြီးတော့ ပုံမှာပြထားသလို ဖျန်းပေးရမှာပါ။

၎။ဆံပင်သားပြောင်လက်ပြီး လှပစေမယ့် စပရေးကို ဆံပင်ပထမအလွှာအတွက်သာ အဓိကထားဖျန်းခြင်း
စပရေးဖျန်းတဲ့အခါ ဆံပင်အပေါ်လွှာအတွက်သာ ပုံကျစေဖို့ ရည်ရွယ်ပြီး မှားယွင်းစွာ ဖျန်းတတ်ကြပါတယ်။ တကယ်တော့ ပုံမှာပြထားသလို ဆံပင်အတွင်းသားတွေအတွက်လည်း ဂရုစိုက် ဖျန်းပေးရမှာပါ။

၅။ဆံပင်ပုံစံကြာရှည်ခံမယ့် ခရင်မ်လိမ်းတဲ့အခါ ထိပ်နားမှာချည်း ပုံနေအောင် လိမ်းခြင်း
ပုံမှာပြထားသလို ဆံပင်ထိပ်ပိုင်းနားမှာတင် သင့်ရဲ့ဆံပင်ကို ကြာရှည်ခံအောင်ထိန်းပေးမယ့် ခရင်မ်တွေ စုနေတော့ ဘာအကျိုးကျေးဇူးများရဦးမှာလဲ။ ဒီတော့ ဆံပင်သားအားလုံး စတိုင်လ်ကျဖို့ မျှတအောင် လိမ်းပေးရမှာပါ။

၁။ဆံပင်သားလေးသွားတဲ့အထိ Moisturizing ခရင်မ်တွေကို အများကြီးလိမ်းခြင်း
Moisturizing ခရင်မ်ကို လက်ထဲထည့်ပြီး နှစ်ဖက်မျှသွားအောင် လက်ဖ၀ါးနှစ်ဖက်နဲ့ ညီညီမျှမျှလေး ခွဲပြီးတော့မှ ဆံပင်ကို လိမ်းပေးပါ။ ဗူးကိုညှစ်လိုက် လက်တစ်ဖက်တည်းနဲ့ လိမ်းလိုက်လုပ်နေရင်တော့ ခရင်မ်တွေ လိုတာထက်ပို လိမ်းမိသွားနိုင်ပါတယ်။
Ref:cosmopolitan.com
မေသော်
Source:trend.com.mm
0 comments:
Post a Comment