ဖူးခက်တွင် မြန်မာတဦး ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်းမီးရှို့


ထိုင်းတောင်ပိုင်း ဖူးကက်ခရိုင် ဖူးကက်မြို့မှာ မြန်မာ အလုပ်သမားတဦး မိမိကိုယ်မိမိ ဓာတ်ဆီလောင်း မီးရှို့ခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရတ်ဆဒါးရပ်ကွက် ဆီရိဆေနာလမ်းလမ်းသွယ် ၄ ထဲမှာ ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်းပြီး မီးရှို့မှုဖြစ်ပွားကြောင်း သတင်းပေးချက်အရ ဖူးကက်မြို့မ ရဲစခန်းက တာဝန်ရှိသူနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ သွားရောက်ကယ်ဆယ်ခဲ့တာလို့ ဒုရဲအုပ် ကျရိယာဝပ် ထိုင်းချွန့်က သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆေးတွေ့ရှိချက်အရ သူ့တကိုယ်လုံးရဲ့ ၉၀ ရာခိုင်နှုန်း မီးလောင်ကျွမ်းပြီး လက်မောင်း နဲ့ လက်ချောင်းတွေဟာ မီးလောင်ရာကြောင့် ကောက်ကွေးနေကြောင်း၊ မျက်နှာမှာလည်း ဘယ်သူ ဘယ်ဝါမှန်း မမှတ်မိနိုင်အောင် ဖြစ်နေကြောင်း၊ အသက်ရှင်သေးတဲ့အတွက် ဖူးကက် ၀ချီရဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး အရေးပေါ်ခန်းမှာ ကုသပေးနေတယ်လို့ ဒုရဲအုပ်က ပြောပါတယ်။

အနီးနားပတ်ဝန်းကျင်က လူတွေပြောပြချက်အရ သူဟာ မြန်မာအလုပ်သမားတဦးဖြစ်ပြီး ခုလိုလုပ်ရတဲ့ အကြောင်းရင်းကို မသိရသလို အမည်နဲ့ ဆွေမျိုးနီးစပ်တွေကိုလည်း မသိရဘူးလို့ ဖြေကြပါတယ်။

အဲဒီလူရွယ်ဟာ အသက် ၂၅ မှ ၃၀ နှစ် ၀န်းကျင်ရှိပြီး ကိုယ့်ကိုယ်ကိုယ်မီးရှို့ရတဲ့အကြောင်းရင်းတွေ ဆက်လက်စုံစမ်းနေတယ်လို့ ဖူးကက်ရဲစခန်းက သတင်းထောက်တွေကို ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/82495
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment