မြန်မာ့ကုန်သွယ်ရေး လျာထားချက် ပြည့်မီရန် ကန်ဒေါ်လာ တစ်ဘီလီယံခန့်သာလို Written by ထင်လင်းအောင်


(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာ့ကုန်သွယ်မှု ပမာဏသည် ယခု ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်အတွက် လျာထားချက်ပြည့်မီရန် ကန်ဒေါ်လာ တစ်ဘီလီယံခန့်သာ လိုတော့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကုန်သွယ်မှု စာရင်းဇယားများဖြင့် ထုတ်ပြန်လိုက်သည်
ယခု ဘဏ္ဍာနှစ်အတွက် မြန်မာနှင့် ကုန်သွယ်ဖက်နိုင်ငံများ၏ ကုန်သွယ်မှုပမာဏကို ကန်ဒေါ်လာ ၂၅ ဘီ လီယံရရှိရန် မျှော်မှန်းထားခြင်း ဖြစ်သည်။ ဘဏ္ဍာနှစ်အစမှလက်ရှိ ဖေဖော်ဝါရီလဆန်းအထိ ကုန်သွယ်မှု သည် ကန်ဒေါ်လာ ၂၄ ဘီလီယံကျော် ကုန်သွယ်ထားနိုင်ပြီးဖြစ်ရာ လျာထားချက် ပြည့်မီရန် တစ်ဘီလီယံ ခန့်သာ လိုတော့ခြင်းဖြစ်သည်ဟု ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
၂ဝ၁၄ ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အထိ ပို့ကုန်ပမာဏ ကန်ဒေါ်လာ ၉,၇ဝ၅ သန်းနှင့် သွင်းကုန် ပမာဏ ကန်ဒေါ်လာ ၁၄,၃၄၃ သန်းကျော်ကို ဆောင်ရွက်ထားခြင်းဖြစ်ရာ ကုန်သွယ်မှုပမာဏ ကန်ဒေါ် လာ သန်း ၂၄,ဝဝဝ ကျော်ရှိလာ ခြင်းဖြစ်သည်။ ယခုနှစ်တွင် ပို့ကုန်ထက် သွင်းကုန်တင်သွင်းမှု များပြားလျက်ရှိရာ ဘဏ္ဍာနှစ်ပြည့်မီရန် တစ်လကျော်ကာလတွင် ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ ၄,၆၃၇ သန်း ကျော်ရှိလာပြီဖြစ်သည်။
ပို့ကုန်ကဏ္ဍတွင် လယ်ယာထွက်ကုန် ပစ္စည်းပမာဏကို ကန်ဒေါ် ၂,၂၅၉ သန်း ကျော်၊ တိရစ္ဆာန်ထွက် ကုန်ပစ္စည်း ကန်ဒေါ်လာ ခုနစ်သန်းကျော်၊ ရေထွက်ပို့ကုန် ၃၅၉ သန်းကျော်၊ သတ္တုတွင်းထွက်ကုန် ကန်ဒေါ် လာ ၁,၃၈၃ သန်းကျော်၊ သစ်တောထွက် ကုန် ၇၁ သန်းကျော် အသီးသီးတင်ပို့ထားခြင်း ဖြစ်သည်။
သဘာဝဓာတ်ငွေ့ ပို့ကုန်များပါဝင်သော စက်မှုကုန်ချော ထွက်ကုန်ကဏ္ဍတွင် ကန် ဒေါ်လာသန်း ၄,၉၁၇ သန်းကျော် တင်ပို့ထားခြင်းလည်း ဖြစ်သည်။ ဝန်ဆောင်မှုနှင့် တစ်နိုင်တစ်ပိုင် လုပ်ငန်းများ၏ ပို့ကုန်ကဏ္ဍ အများစုပါဝင်သော အခြားပို့ကုန်ကဏ္ဍ စုစုပေါင်းတွင် ကန်ဒေါ်လာ ၇၆၈ သန်း ကျော်သာ တင်ပို့ထားနိုင် ရာ ပြီးခဲ့သည့် ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်အောက် ကန်ဒေါ်လာ ၃ဝ၁ သန်းကျော် လျော့ကျနေသည်ဟု ထုတ် ပြန်ထားသည်။
မြန်မာနိုင်ငံသည် ပို့ကုန်အားဖြင့် တိရစ္ဆာန်ထွက်၊ ရေထွက်ကုန်၊ သစ်တော ထွက်ကုန်နှင့် တစ်နိုင်တစ်ပိုင် လုပ်ငန်းများမှ ပို့ကုန်စသည့် ကဏ္ဍအများစုတွင် ပြီးခဲ့သည့် ဘဏ္ဍာနှစ်အောက် တင်ပို့မှုလျော့ကျနေခြင်း ဖြစ်သည်။ သို့ရာတွင် သဘာဝဓာတ်ငွေ့နှင့် အထည်ချုပ် ပို့ကုန်ကဏ္ဍများမှာ တင်ပို့မှု မြင့်တက်လာသဖြင့် စုစုပေါင်း ပို့ကုန်ကဏ္ဍတွင် ပြီးခဲ့သော ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်ထက် ကန်ဒေါ်လာ ၉၁ သန်းကျော် ပိုမိုတင်ပို့ ထားနိုင်ခြင်း ဖြစ်သည်။
သွင်းကုန်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုကုန် ကြမ်းပစ္စည်းများကို ကန်ဒေါ်လာ ၆,၃၅၃ သန်းကျော် တင်သွင်းထားခြင်းဖြစ်ပြီး စက်ရုံလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများကို ကန်ဒေါ်လာ ၄,၈၇၂ သန်းကျော် တင်သွင်းထားခြင်း ဖြစ်သည်။ လူသုံးကုန်ကြမ်းပစ္စည်းများ တင်သွင်းမှုလည်း ကန်ဒေါ်လာ ၃,၁၁၇ သန်းကျော် တင်သွင်းထားခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။Written by  ထင်လင်းအောင်
Source:mizzimaburmese.com

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment