ရွှေည၀ါဆရာတော် ဦးပညာသီဟအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တရားဟော ပြောခွင့်ကို အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း သတင်းရရှိ သည်။
ဆရာတော် ဦးပညာသီဟ သည် ဗုဒ္ဓတရားတော်နှင့် သက်ဆိုင်ခြင်း မရှိသောအကြောင်းအရာများ ဟောကြားသည်ဟု ဆိုကာသတ္တမအကြိမ်မြောက် နိုင်ငံတော် သံဃမဟာနာယက ၄၇ ပါးစုံညီ အစည်းအဝေးဆုံးဖြတ် ချက်ဖြင့် တရားဟောပြောခွင့်ပိတ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။
‘‘ရွှေည၀ါဆရာတော်ကို တ ရားဟောပြောခွင့်ပိတ်လိုက်တာ မှန်ပါတယ်။ ဗဟိုသံဃမဟာနာ ယကအဖွဲ့က စာထုတ်ထားပြီးပါ ပြီ။ အောက်ခြေအဆင့်တွေကို တော့ စာမေးပွဲတွေရှိနေသေးလို့ စာထပ်ဆင့် မထုတ်ပြန်ရသေး ဘူး’’ဟု ရန်ကုန်တိုင်းဒေသကြီး သံဃနာယကရုံးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောကြား သည်။
သတ္တမအကြိမ်မြောက် နိုင်ငံ တော်သံဃမဟာနာယကအစည်း အဝေးတွင် ရွှေည၀ါဆရာတော် သည် ဗုဒ္ဓတရားတော်နှင့် သက် ဆိုင်ခြင်းမရှိသော အကြောင်းအ ရာများ ဟောပြောနေခြင်းနှင့် ပတ်သက်၍ လိုအပ်သလို ဆောင်ရွက် ပေးရန် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့က အစီရင်ခံ တင်ပြလျှောက်ထားချက်အပေါ် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် ဆရာတော် ဦးပညာသီဟအား ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်၊ ဓမ္မ ကထိက ဂုဏ်အင်္ဂါနှင့် မညီသော ကြောင့် တရားဟောခြင်းကို လုံးဝ (လုံးဝ)ခွင့်မပြုရန်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့များက တိုင်းဒေသကြီးနှင့် ပြည်နယ်သံဃနာယက အဖွဲ့၏ ညွှန်ကြားချက်ရယူ၍ လိုအပ်သလို အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။
‘‘ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက် လို့ ဦးပဉ္စင်းတော့ မသိရသေးဘူး။ မှန်ကန်ရင်တော့ ပြန်တုံ့ပြန်သွား မှာပါ။ ဆုံးဖြတ်တဲ့သူတွေကကော ဘယ်လောက်သမာသမတ်ကျလို့ လဲ။ ကျောင်းသား၊ လယ်သမား၊ အလုပ်သမားအရေးတွေမှာ အား ပေးပါဝင်ခဲ့တာ၊ ဗိုလ်ချုပ်အောင် ဆန်း ရာပြည့် အထိမ်းအမှတ် တရားပွဲတွေမှာ ဟောကြားခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက် လို့ သူတို့ဘက်က အလိုမကျဖြစ်နေတာ။ ဦးပဉ္စင်းကတော့ ငြိမ်ခံသွားမှာ မဟုတ်ဘူး’’ဟု ရွှေည၀ါဆရာတော် ဦးပညာသီဟက မိန့်သည်။
ရွှေည၀ါဆရာတော်အနေ ဖြင့် ယခင်ကလည်း အစိုးရကို ပုတ်ခတ်သည့် စကားများထည့်သွင်း ဟောကြားခဲ့ခြင်းကြောင့် အစိုးရ ၏ ဖိအားပေးခြင်း၊ ဒေသအလိုက် တရားဟောပြောခွင့်ကာလ အ ကန့်အသတ်ဖြင့် ပိတ်ခြင်းများမကြာခဏခံရလေ့ရှိကာ ပြီးခဲ့သည့်နှစ်ကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဟောပြောခွင့် တစ်နှစ်ပိတ်ပင်ခံခဲ့ရဖူးကြောင်း၎င်း၏ ဒကာ၊ ဒကာမများက ပြောသည်။ ယခု တရားဟောပြောခွင့် ပိတ်ပင်ခြင်းမှာ တစ်နိုင်ငံလုံးအ တိုင်းအတာပိတ်လိုက်ခြင်း ဖြစ်ပြီး သက်တမ်းကာလကိုထည့်သွင်း သတ်မှတ်ထားခြင်းမရှိကြောင်း သိရသည်။
မိုးမင်း
Source:7daydaily.com
သုဘရာဇာကို တုန်လှုပ်သွားစေခဲ့တဲ့ သေရွာပြန် အမျိုးသမီး
လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
ထိုင်းနိုင်ငံမှာ “ရင်သားအောက်ပိုင်းတစ်ဝက်ပေါ် Selfie” ရိုက်တဲ့ အမျိုးသမီးတွေ ထောင်ဒဏ် (၅) နှစ်ကျခံရမယ်လို့ သိရ
ဈာပန အခမ်းအနားရောက်မှ အမေ မသေသေးတာ သိလိုက်ရတဲ့ သားသမီးများ
အိန္ဒိယနိုင်ငံမှာ နှလုံးက ခန္ဓာကိုယ်အပြင်ဘက် ငေါထွက်နေတဲ့ ကလေးမွေးဖွား
အမျိုးသားတွေကို စတာလင်ပေါင် ၃၅၀ ပေးပြီး သူမကို ကိုယ်ဝန်ရရှိအောင် ပြုလုပ်ပေးဖို့ ကမ်းလှမ်းခဲ့တဲ့ အမျိုးသမီး
အိမ်ဝယ်မယ်ဆိုရင်အိမ်ရှင်အမျို သမီးကသူ့ကိုအလကားရမယ်တဲ့
ချစ်တင်းနှီးနှောနေစဉ်လိင်အင်္ဂါကျိုးပျက်သွားတဲ့အမျိုးသား
၁၁နှစ်သားနဲ့ ၁၅နှစ်သမီးကိုသတ်ပြီးရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့မိခင်ဖမ်းခံရ
မိဘနှစ်ပါးကိုချက်ပြုတ်စားသောက်တဲ့သားမိုက်
ဈေးဝယ်ဖောက်သည်လုရာမှ သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွါး
မလေးရှားသွားမည့် ရထားပေါ်တွင် တရားမ၀င်မြန်မာ ၇၆ ဦးကို ထိုင်းရဲ ဖမ်းဆီး
0 comments:
Post a Comment