ချစ်သူသက်တမ်း ၃ နှစ်ရှိပြီဖြစ်တဲ့ မြင့်မြတ်က ယူဖြစ်ပြီဆိုတာနဲ့ ပရိသတ်ကို အရင်ဆုံး အသိပေးပါမယ်တဲ့





သင်္ကြန်ကို နေပြည်တော်မှာ ရှိုဖို့များပြီး တစ်ကိုယ်တော်ခွေအတွက်လဲ သီချင်းတွေ စုနေတယ်လို့ သိရတာကြောင့် သူရှိတဲ့ တိုရှည်ရှုတင်သို့သွားပြီး အချစ်ရေးကိစ္စတွေ၊၂၀၁၅ အတွက် အနုပညာ ဖန်တီးမှုတွေအကြောင်း မေးမြန်းဖြစ်တဲ့အခါ သူက “ခုရိုက်နေတဲ့ ကားလေးက တိုရှည်တဲ့။ ဒါရိုက်တာက ကိုနေပိုင် ၊ မင်းသမီးက ကစ်ကစ်ပါ။ ကျောင်းသား အပျော်ဇာတ်လေးပါပဲ။ ဖန်စီရိုမန့်စ်လေးပါ။ ဒီနှစ်ထဲမှာ ရုပ်ရှင်ကားကြီးအနေနဲ့ အောင်တိုင်းကျော်နဲ့ ရိုက်ဖို့ရှိတယ်။ ကားကြီး ၄ ကားတော့ ပြောထားပါတယ်။ အရင်ကတော့ ကျွန်တော်ကားကြီး သိပ်မရိုက်ရဘူး။ တခြား အနုပညာရှင်တွေနဲ့ ယှဉ်ရင် နည်းတယ်ပေါ့။ အရင်က ပရိုဂျူဆာ ခေါ်မရိုက်လို့ မရိုက်ရဘူး။ အခုတော့ ခေါ်ရိုက်ပြီဆိုတော့ ရိုက်ရပြီပေါ့။ ဗီဒီယိုတွေလဲ ပုံမှန်လေးပဲ ရိုက်သွားဖို့ရှိပါတယ်”တဲ့။


သင်္ကြန်ကို နေပြည်တော်မှာ ဖြတ်သန်းမယ့်အကြောင်းကိုလည်း “သင်္ကြန်ကတော့ မနှစ်ကလဲ နေပြည်တော်၊ ဒီနှစ်လဲ နေပြည်တော်ပဲဖြစ်ဖို့ များပါတယ်။ သင်္ကြန်မှာ သီချင်းတွေလဲ ဆိုဖြစ်တယ်။ သင်္ကြန်ဆိုတာ အရင်တုန်းက ဆိုရင်ပေါ့ ကလေးဘ၀ကဆိုရင် အရမ်းပျော်တယ်။ အခုအသက်ကြီးလာတဲ့အခါကျတော့ အလုပ်နဲ့ပဲ ဖြတ်သန်းဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
အချစ်ရေးက အကြောင်းကိုတော့ သူက “လက်ရှိမှာ အေးအေးဆေးဆေးပါပဲ။ ကျွန်တော့် ကောင်မလေးနဲ့ ပါပဲ။ ချစ်သူသက်တမ်းကတော့ ၃ နှစ်ရှိပါပြီ။ ယူဖြစ်ပြီဆိုရင်တော့ ပရိသတ်ကို အရင်ဆုံးအသိပေးပါ့မယ်”တဲ့။
Source:trend.com.mm




Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment