အမြန်လမ်းမှာ Mark II ယာဉ်ကို တောင်ပြာတန်း(Express) ၀င်တိုက်၊ ပျက်စီးဒဏ်ရာရ



၂၀၁၅ခုနှစ် မတ်လ ၂၄ ရက်နေ့ နံနက် (၂း၃၀)နာရီ အချိန်ခန့် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၄၁/၁-၂ ကြား မန္တလေးမှ ရန်ကုန်သို့ အပြန်လမ်းတွင် ယာဉ်မောင်းအကူ ဦးကျော်သူ မောင်းနှင်လာသော ယာဉ်အမှတ် 3G-xxxx တောင်ပြာတန်း(Express)ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ ဦးဝင်းမင်းသန်း မောင်းနှင်နေသော ယာဉ်အမှတ် 4C-xxxx Mark II ယာဉ်၏နောက် ဘယ်ဘက်ပိုင်းအား တိုက်မိခဲ့သဖြင့် Mark II ယာဉ်မှာ လမ်းညာဘက်မြေသားလမ်းပေါ်သို့ ရောက်ရှိ ပျက်စီးသွားခဲ့သော ယာဉ်မတော်တဆမှု တစ်ခု ဖြစ်ပွား ခဲ့ပါသည်။

အဆိုပါ (Express)ယာဉ်ပေါ်တွင် ခရီးသည်(၂၅)ဦး စီးနင်းလိုက်ပါခဲ့ပြီး Mark II ယာဉ်ပေါ်တွင် ယာဉ်မောင်း ကျား(၁)၊ ဘုန်ကြီး (၁)ပါး၊ ကိုရင် (၁)ပါး၊ သီလရင် (၁)ပါး၊ မ (၁)ဦး၊ ကလေး(၁)ဦး၊ စုစုပေါင်း (၆)ဦး စီးနင်းလိုက်ပါခဲ့ကြပါသည်။

 ယာဉ်မတော်တဆမှုကြောင့် (Express)ယာဉ်ပေါ်ပါ ခရီးသည်များမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိပဲ Mark II ယာဉ်ပေါ်ပါ သီလရင် (၁)ဦးမှာ နောက်စေ့ပေါက်ပြဲ၊ ရင်ဘတ်အောင့်သွားသဖြင့် အုတ်တွင်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

၎င်းယာဉ်မတော်တဆမှုဖြစ်စဉ်ကို ဗောဓိကုန်း အမြန်လမ်းရဲစခန်းမှ အမှုဖွင့် ရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

Yangon-Mandalay Expressway
https://www.facebook.com/ygnmdyexpressroad




  • လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
  • ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ

  • ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း

  • အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
  • လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း

  • Share on Google Plus

    About Editor

    This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
      Blogger Comment
      Facebook Comment

    0 comments:

    Post a Comment