ကျေးရွာ ၁ဝဝဝ ခန့်ကို ရေရရှိအောင် စွမ်းဆောင်ပေးသော အိန္ဒိယအမျိုးသား နိုဘယ်လ်ဆုရရှိ



မွမ်ဘိုင်း မတ် ၂၃

အိန္ဒိယနိုင်ငံ ရာဂျာစတန်ပြည်နယ်ရှိ ကျေးရွာ ၁ဝဝဝ ခန့်ကို ရေရရှိစေရန် ဆောင်ရွက်ပေးခဲ့သည့် အိန္ဒိယ အမျိုးသားတစ်ဦးအား ဆွီဒင်အစိုးရက နိုဘယ်လ်ဆုချီးမြှင့် ခဲ့ကြောင်း သိရသည်။

ရာဂျင်ဒရာဆင်းဂ်ျ၏ ရေရရှိရေးနည်းလမ်းများသည် ရေကြီးမှုဘေးကို ကာကွယ်နိုင်သည့်အပြင် မြစ်ချောင်းများကို မပျက်စီးအောင် ထိန်းသိမ်းပေးနိုင်ကြောင်း စတော့ဟုမ်း ရေအရင်းအမြစ်စွမ်းဆောင်နိုင်ရည်ဆု၏ အကဲဖြတ်အဖွဲ့ကဆိုသည်။

ရာဂျင်ဒရာဆင်းဂ်ျကို 'အိန္ဒိယရဲ့ရေလူသား' ဟု အိန္ဒိယဘာသာစကားဖြင့် တင်စားခေါ်ဆိုကြသည်။

ရာဆင်းဂ်ျက အိန္ဒိယလူမျိုးများ၏ ရှေးဟောင်း နည်းလမ်းတစ်ခုဖြစ်သည့် မိုးရေကို သိုလှောင်သောနည်း စနစ်ကို ခေတ်မီနည်းပညာဖြင့် ပေါင်းစပ်အသုံးပြုသည်။ သူ၏နည်းလမ်းသည် ရိုးရှင်းပြီး ငွေအကုန်အကျသက်သာစေသည်ဟု အကဲဖြတ်အဖွဲ့ကဆက်လက်ပြောသည်။

ဆရာဝန်တစ်ဦးအနေဖြင့် တာဝန်အရ ကျေးရွာတစ်ရွာသို့ သွားရောက်ခဲ့သည့်အချိန်တွင် လူတွေရဲ့အဓိက လိုအပ်ချက်သည် 'ကျန်းမာရေးစောင့်ရှောက်မှု' မဟုတ်ဘဲ 'ရေ' သည်သာ အဓိကလိုအပ်ချက်ဖြစ်သည်ကို သိခဲ့ရကြောင်း ရာဆင်းဂ်ျကပြောသည်။

'ရေရှားပါးတဲ့နေရာတွေမှာ ရေရရှိအောင် လုပ်ဆောင်ပေးဖို့က ကျွန်တော့်ရည်မှန်းချက်ပန်းတိုင်ပါပဲ' ဟု ၎င်းက ဆိုသည်။

'သူ့ရဲ့လုပ်ထုံးလုပ်နည်းတွေက တကယ်ကို အရေးပါတယ်။ ရာသီစက်ဝန်းပြောင်းလဲမှုက သဘာဝဘေးအန္တရာယ် တွေကိုတားဆီးနိုင်တယ်' ဟု စတော့ဟုမ်းနိုင်ငံတကာ အင်စတီကျုက ပြောသည်။

ရာဆင်းဂ်ျပါဝင်သည့် 'တာရန်ဘာရက်ဆန်ခ်ျ' အဖွဲ့အစည်းသည် မိုးရေသိုလှောင်ရာတွင် အသုံးပြုသည့် မိရိုးဖလာနည်းလမ်းများကို အသုံးပြုပြီး နိုင်ငံအတွင်းရှိ ရေလမ်းကြောင်းများကို ပျက်စီးယိုယွင်းခြင်းမှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။

ရာဆင်းဂ်ျက ရာဂျာစတန်ပြည်နယ်အတွင်းရှိ မြစ်ငါးစင်းကို ပျက်စီးယိုယွင်းမှုမှ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး ရွာသားများ၏အကူအညီဖြင့် ဆည်များနှင့် မိုးရေလှောင် ကန် ၈၆ဝဝ ခန့်ကို တည်ဆောက်ခဲ့သည်။

ရာဆင်းဂ်ျ၏လုပ်ဆောင်ချက်များ ပိုမိုအထမြောက်စေရန်အတွက် ဆွီဒင်ဘုရင်က အမေရိကန်ဒေါ်လာ ၁၅ဝဝဝဝ ကို သြဂုတ် ၂၆ ရက်တွင်ဆုငွေအဖြစ်ပေးအပ်မည်ဖြစ်သည်။

ဘီဘီစီ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment