ခရီးသည်တင်မှန်လုံယာဉ် ဆိုင်ကယ်နှစ်စီးနှင့် မျက်နှာချင်းဆိုင်တိုက် ဆိုင်ကယ်မောင်းသူ သေဆုံး၊ ယာဉ်ပေါ်ပါ ခရီးသည် ၁၄ ဦးဒဏ်ရာရ



စစ်ကိုင်း ဧပြီ ၂

စစ်ကိုင်းမြို့နယ် ပြူကံကျေးရွာ ခရိုင်လဝကရုံး အနီးတွင် မဟာစံခရီးသည်တင်မှန်လုံယာဉ်နှင့် ဆိုင်ကယ် နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာ ဆိုင်ကယ်မောင်း နှင်လာသူတစ်ဦး သေဆုံးပြီးမော်တော်ယာဉ်ပါ ခရီးသည် ၁၄ ဦးဒဏ်ရာများ ရရှိခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်မှာ ဧပြီ ၁ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ်က စစ်ကိုင်းမြို့မ ရဲ စခန်းမှ ရဲအုပ်မင်း လွင်ထွန်း စခန်း တွင် တာဝန်ထမ်း ဆောင်နေစဉ် ယာဉ် တိုက်မှု ဖြစ်ပွား ကြောင်း သတင်း အရ သွားရောက် စစ်ဆေးခဲ့ရာ ခန့်ညီဝင်း အမှတ်(၆) ရာဇပတ္တာလမ်း ပခုက္ကူမြို့နေသူ မောင်းနှင်လာသော မဟာစံယာဉ်လိုင်း မန္တလေး-ပခုက္ကူ ခရီးသည်တင် မှန်လုံယာဉ်သည် ခရီး သည်များတင်ဆောင်၍ မန္တလေး-မုံရွာ ကားလမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာစဉ် စစ်ကိုင်းမြို့နယ် ပြူကံကျေးရွာ ခရိုင်လဝကရုံး အရှေ့အရောက်တွင် အဆိုပါလမ်းအတိုင်း မြောက်မှတောင်သို့ စစ်ကိုင်းမြို့ အမှတ် (၁၆) ရဲတပ်ရင်း တပ်ခွဲ (၁)မှ ရဲတပ်သားကောင်း သူလွင်မှ ရဲတပ်သား မင်းမင်းဦးအား ဆိုင်ကယ်နောက် မှ တင်ဆောင်၍ ၃၈ယ/--- ဆိုင်ကယ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းနည်းပညာတက္ကသိုလ် စတုတ္ထနှစ် (လျှပ်စစ် စွမ်းအား) ကျောင်းသားများဖြစ်သော မောင်သူရိန် မောင်းနှင်ပြီး လှိုင်မျိုးဝေနှင့် လှိုင်မိုးတို့ကို တင်ဆောင် လာသော ၃၉ယ/---- ဆိုင်ကယ်အားလည်းကောင်း မျက်နှာချင်းဆိုင်တိုက်မိပြီး ယာဉ်မှာ တစ်ဖက်ယာဉ်ကြော သို့ ဖြတ်ကျော်သွားကာ လမ်းဘေးရှိ ခရိုင်လဝကရုံး ရှေ့ ဝင်ပေါက်အုတ်ခုံ ကိုတိုက်မိပြီး သစ်ပင်အား ဆက် လက် တိုက်မိကာ ရပ်သွားသည်။

ယာဉ်တိုက်မှု ကြောင့် ရဲတပ်သား ကောင်းသူလွင်၊ ရဲတပ်သား မင်း မင်းဦး၊ နည်းပညာ တက္ကသိုလ် စတုတ္ထ နှစ် ကျောင်းသား များဖြစ်သော သူ ရိန်မင်း၊ လှိုင်မျိုး ဝေ၊ လှိုင်မိုးနှင့် မော်တော်ယာဉ် ပါ ခရီးသည်များ ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်သား ကောင်းသူလွင်မှာ စစ်ကိုင်း ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားသည်။

သို့ဖြစ်ပါ၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ ခန့်ညီ ဝင်းအပေါ် စစ်ကိုင်းမြို့မရဲစခန်းက စစ်ဆေးလျက်ရှိ သည်။ ယာဉ်တိုက်မှုဖြစ်ပွားရာသို့ စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့ မှူး ဒုတိယရဲမှူးကြီး စိုးသန့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး Óဏ်သောင်း၊ ရဲတပ်ရင်း (၁၆) မှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သုခကာရီ ကျန်းမာရေးနှင့် လူမှု ကူညီရေးအသင်းဝင်များ လာရောက်ကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထွေးမြင့်နိုင်(စစ်ကိုင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment