သ၀န်တိုစိတ်ကို လျှော့ချပစ်နိုင်ဖို့အတွက် သိထားရမယ့် အချက်များ



မင်းကြိုက်နေတဲ့ ကောင်လေးက တခြားကောင်မလေးနဲ့ အရောဝင်နေသလား။ ဒါမှမဟုတ် မင်းရဲ့သူငယ်ချင်း တစ်ယောက်က မင်းကိုဂရုမစိုက်ဘဲ အခြားသူတွေနဲ့ အနေများလာပြီလား။ ဒီလို အခြေအနေအမျိုးအတွက်ဆိုရင်တော့ သ၀န်တိုစိတ်ဟာ ချစ်စရာ သဘာဝတစ်ခုဖြစ်နိုင်ပေမယ့် လွန်ကဲလာရင်တော့ မင်းကို အကျဉ်းတန်စေပါတယ်။ ဒီလိုအခါမျိုးမှာ သ၀န်တိုစိတ်ကို ဖျောက်ပစ်ဖို့အတွက် အသက်ကို တစ်ဝ ရှူလိုက်ပြီး သူ့ဘ၀နဲ့သူပဲလေလို့ တွေးလိုက်ပါ ။
သ၀န်တိုစိတ်ကို ဖြေဖျောက်နိုင်မယ့် နည်းလမ်းအချို့ကို ဖော်ပြပေးချင်ပါတယ်။
(၁)    ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ စိတ်တစ်ချို့ တည်ဆောက်လိုက်ပါ။
မနာလို ၀န်တိုခြင်းဆိုတာ မလုံခြုံမှု ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းမှု စတာတွေကလာတာပါ။ မင်းနဲ့ရင်းနှီးသူတစ်ယောက်ယောက်ရဲ့ စွန့်ပစ်ခြင်း၊ လစ်လျူရှုခြင်း ခံရမှာကို ကြောက်တာပါ။
(၂)    ကိုယ့်ကိုယ်ကို အခြားသူတွေနဲ့ နှိုင်းယှဉ်မိနေတဲ့ အတွေးတွေကို ရပ်ပစ်လိုက်ပါ။
အရာရာ မင်းထက်သာပြီး ပိုပြည်စုံတယ်လို့ထင်နေတဲ့ မင်းရဲ့သူငယ်ချင်း မိတ်ဆွေတစ်ယောက်ယောက်နဲ့ ကိုယ့်ကိုယ်ကိုနှိုင်းယှဉ်နေမိတာမျိုး ရှောင်ပါ။ သူ့မှာလဲ အခြားသူတွေ မသိအောင် ဖုံးကွယ်ထားရတဲ့ ဒုက္ခတွေ ရှိနေမှာပါ။
(၃)    တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ပါ။
ပြောရတာ လွယ်ပေမယ့် လက်တွေ့မှာတော့ ခက်ခဲပါတယ်။ တစ်ချိန်တုန်းက သင့်ရဲ့ယုံကြည်မှုကို ချိုးဖောက်ခံရတာမျိုး ရှိမှာပါ။ ဒါပေမယ့် အတိတ်ကို အတိတ်မှာ ထားခဲ့ပြီး သင့်ကို မယုံကြည်စေဖို့ အကြောင်းပြချက် တစ်ခု ပေးခဲ့ဖူးသလား ဆိုတာကို ပြန်စဉ်းစားကြည့်ပါ။
(၄)    ခံစားချက်ကို ဂရုတစိုက် နားထောင်ကြည့်ပါ ။
တခါတရံမှာ တန်ဖိုးရှိတဲ့ အရာတွေကို စဉ်းစားမိနိုင်ပါတယ်။ ဥပမာ- မင်းရဲ့လူက တခြားတစ်ယောက်နဲ့ လိုတာထက်ပိုပြီး အကျွမ်းတ၀င်ရှိနေတယ်လို့ ယူဆမိတဲ့အခါ သင်တို့နှစ်ဦးကြားထဲမှာ စည်းကမ်းတစ်ချို့ ချမှတ်ဖို့လိုနေပါပြီ။
(၅)    အကောင်းမြင်စိတ်မွေးပါ။
ဖြစ်နိုင်တာက သင့်ရဲ့စိတ်က ဆိုးဝါးတဲ့အရာ တစ်ခုခုကြိုတွေးပြီး စိတ်ပူနေတတ်တာမျိုးကြောင့် ၀န်တိုခြင်းဖြစ်လာတာပါ။
ဥပမာ-သင့်ရဲ့သူငယ်ချင်းက တခြားတစ်ယောက်နဲ့ အချိန်ဖြုန်းနေတယ် ဆိုရင် သူ့အကြောင်းတွေးမနေဘဲ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားကြည့်နေတာမျိုး ဒါမှမဟုတ် စားသောက်ဆိုင် ကောင်းကောင်းတစ်ခု သွားစားနေလိုက်ပါ။
မင်းကြိုက်တဲ့ ကောင်လေး/ကောင်မလေးက တခြားတစ်ယောက်နဲ့ စကားပြော နေတယ်ဆိုရင် ခင်မင်ရင်းနှီးဟန် အပြုသဘောမျိုးဆောင်တဲ့ နည်းမျိုးနဲ့ သင်ပါ ၀င်ရောက်စကားပြောပါ။ မနာလို ၀န်တိုခြင်းဆိုတဲ့စိတ် ဖြစ်ပေါ်ခဲ့ရင် မိမိကိုယ်ကိုသာ အရင် လောင်ကျွမ်းစေတာပြီး တစ်ခါတစ်ရံ သူက သိတောင်မသိလိုက်တာမျိုးဖြစ်နေတတ် တာကြောင့် မိမိစိတ်ကို ငြိမ်းချမ်းအောင်ထားတတ်ဖို့လိုကြောင်း အကြံပေးချင်ပါတယ်။
Ref:wikiHow
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment