တီကရစ်မြို့ ကိုပြန်လည်သိမ်းပိုက်နိုင်ပြီ

အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီ
အီရတ် နိုင်ငံက တီကရစ်မြို့ကို အိုင်အက်စ် အစ္စလမ်မစ် လက်နက်ကိုင် အဖွဲ့လက်က ပြန်လည်သိမ်းပိုက် နိုင်အောင် တလကြာ စစ်ဆင်ရေး ဆင်နွှဲခဲ့ရာမှ အခုတော့ အောင်ပွဲရခဲ့တဲ့အကြောင်း အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီက ကိုယ်တိုင် စစ်သားတွေ ဝန်းရံယင်း အီရတ်အလံ လွှင့်ထူပြီး မြို့ထဲ ဝင်လာခဲ့ပါတယ်။

အစိုးရအနေနဲ့ အရင်ဆုံး လုပ်ရမဲ့အလုပ်တွေက မြို့တွင်းက မြေမြုပ်မိုင်းတွေ ၊ ကားဗုံးတွေကို ရှာဖွေ ရှင်းလင်းပစ်ရမှာပါ။ ပြီးမှ မြို့ကို ပြန်လည်တည်ဆောက်ရေး လုပ်ငန်း စတင်ရမှာပါ။ နောက်ပြီး မြို့နယ် ရဲအဖွဲ့နဲ့ လုံခြုံရေး တပ်ဖွဲ့တွေ ပူးပေါင်းပြီး နယ်မြေလုံခြုံရေးကို ပြန်လည် တာဝန်ယူဖို့လည်း အမိန့်ထုတ်လိုက်ပါပြီ။ ဒါမှပဲ နေရပ်စွန့်ခွာ ထွက်ပြေးကြတဲ့ လူတွေ ပြန်လာနိုင်ကြမှာပါလို့ ဝန်ကြီးချုပ်က ပြောသွားတာပါ။

အီရတ် အစိုးရ အနေနဲ့ အိုင်အက်စ် အစ္စလမ်မစ် လက်နက်ကိုင် အဖွဲ့လက်က တီကရစ်ကို ပြန်လည် သိမ်းပိုက်နိုင်တဲ့ စစ်ဆင်ရေးဟာ အိုင်အက်စ် ခုခံရေး အပိုင်းမှာ အရေးပါဆုံးဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က စတင်ခဲ့တဲ့ မြို့သိမ်းတိုက်ပွဲကို တပ်ဖွဲ့ဝင်ပေါင်း သုံးသောင်း ပါဝင်တဲ့အနက် အီရန်က တော်လှန်ရေး အစောင့်တပ်ကူတွေလည်း ပါဝင်ခဲ့ပါတယ်။ ပထမ သီတင်းနှစ်ပတ်မှာတော့ ဒီတပ်ဖွဲ့တွေဟာ အိုင်အက်စ်တွေကို တွန်းလှန်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရှေ့မတိုးနိုင်တော့ပါဘူး။ ဒီအခါမှာ အမေရိကန် ဦးဆောင်တဲ့ လေကြောင်း စစ်ဆင်ရေးနဲ့ စစ်ကူတဲ့အခါကျမှာ အိုင်အက်စ်တွေ မြို့တွင်းက ဆုတ်ခွာခဲ့တာပါ။

အီရတ်ပြည်ထဲရေး ဝန်ကြီး မိုဟာမက် အယ်လ်ဂါဘန်ကလည်း လာမယ့် နာရီပိုင်းအတွင်းမှာ မြို့တခုလုံးကို လက်ဝယ်သိမ်းပိုက်နိုင်ပါပြီလို့ ဆိုပါတယ်။

အခု ပစ်ခတ်သံတွေ ကြိုကြား ထွက်ပေါ်နေတာကတော့ ဆင်ခြေဖုံးအရပ်တွေမှာ ဖြစ်တဲ့အတွက် မကြာခင် ရှင်းထုတ်နိုင်မယ့် အကြောင်း၊ ရန်သူဘက်ကတော့ လုံးဝ အရေးရှုံးနိမ့်သွားပြီး စိတ်ဓါတ်အရရော စစ်ရေးအရပါ အရှုံးပေးလိုက်ရပါပြီလို့ ပြောသွားတာပါ။

တီကရစ်မြို့ဟာ ပြီးခဲ့တဲ့ နှစ် ဇွန်လက အိုင်အက်စ်တို့ လက်အောက်ကျခဲ့တာပါ။ ဒါကြောင့်မို့ အီရတ် အစိုးရ အနေနဲ့ အိုင်အက်စ်တို့ လက်ထဲက ဒုတိယ မြို့တော် မူဆူးလ်ကို ပြန်လည် သိမ်းပိုက်နိုင်အောင် လုပ်ပြီးမှသာ အိုင်အက်စ်တွေကို အီရတ်က အပြီးတိုင် တိုက်ထုတ်နိုင်ပြီလို့ ပြောနိုင်မယ့်အကြောင်း ဘီဘီစီ အရှေ့အလယ်ပိုင်းဆိုင်ရာ သတင်းထောက်က သတင်းပေးပို့လိုက်ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment