ဟားဗတ်တက္ကသိုလ် လူထုကျန်းမာရေးဌာနက သုတေသီတွေဟာ ယခင်လေ့လာမှု၃ရပ်ကနေ အချက်အလက်တွေကို ပြန်လည်ကြည့်ရှုခဲ့ကြပါတယ်။ သူတို့ တွေ့ရှိခဲ့ရတာကတော့ အရွယ်ရောက် အဆုံးစီရင်သွားခဲ့သူတွေထဲက တစ်ဝက်ခန့် ဟာ ကဖိန်းဓါတ်ပါတဲ့ ကော်ဖီကို လုံးဝမသောက်ဘူး ဆိုတာပါ။
အမျိုးသမီး၊ အမျိုးသား အရေအတွက် ၂သိန်းမှာ ကော်ဖီသောက်သူတွေနဲ့ ကော်ဖီမသောက်သူတွေဆိုပြီး ဆန်းစစ်လေ့လာခဲ့ပါတယ်။ ကဖိန်းဓါတ်ပါတဲ့ကော်ဖီတွေကို ၆နှစ်ခွဲခန့် အချိန်ကြာအောင် သောက်သုံးခဲ့သူတွေထဲမှာ မိမိကိုယ်မိမိ အဆုံးစီရင်သွားတဲ့သူ အရေအတွက်ဟာ ၂၇၇ဦးပဲ ရှိပါတယ်။
ကဖိန်းဓါတ်ဟာ ဦးနှောက်ရဲ့ ပင်မအာရုံကြောစနစ်ကို လုံ့ဆော်ပေးပြီး ဆာရိုတိုနင်၊ ဒိုပါမင်၊ နော်ရာဒရီနလိုင်း စတဲ့ ဦးနှောက်ကို ခံစားလို့ကောင်းစေမယ့်ဓါတ်တွေကို စိတ်ကျ သက်သာဆေး အဖြစ် ထုတ်လွှတ်ပေးပါတယ်။
ဒီလေ့လာတွေ့ရှိချက်ဟာ ကော်ဖီသောက်နှုန်းကို မြှင့်ပေးသင့်တယ်လို့တော့ မဆိုလိုပါဘူး။
ကျ န်းမာရေးကောင်းပြီး အရွယ်ရောက်ပြီးသူ တစ်ဦးဟာ တစ်နေ့ကို ကော်ဖီ ၂ခွက်မှ ၄ခွက် အတွင်းသာ သောက်သင့်တယ်လို့ ထောက်ခံချက် ပေးထားပါတယ်။ ကော်ဖီ အလွန်အကျွံသောက်ရင် မျက်စိကြောင်တာ၊ ရင်တုန်တာ၊ အိပ်မပျော်တာ၊ ကြွက်သားတွေ တသိမ့်သိမ့် တုန်တာ၊ နှလုံးခုန်မြန်တာ စတဲ့ စိတ်လက် မသက်သာစရာ ဘေးထွက်ဆိုးကျိုးတွ ရလာနိုင်တယ်လို့ ကျွမ်းကျင်ပါရဂူကြီးတွေက ပြောထားပါတယ်။
Ref:MedicalNewsToday
Source:trend.com.mm
0 comments:
Post a Comment