သင်္ကြန်မှာ လျှောက်လည်းမလည်ချင်၊ မဏ္ဍပ်လည်း မထိုင်ချင်သူတွေအနေနဲ့ အားလပ်ရက်တွေကို ဘယ်လိုဖြတ်သန်းရင် ကောင်းမလဲ



သင်္ကြန်ကာလအတွင်း သူငယ်ချင်းတွေနဲ့ မဏ္ဍပ်ထိုင်ဖို့လည်း အစီအစဉ်မရှိ၊ ကားနဲ့လည်ဖို့လည်း စိတ်မကူးထားသူတွေအတွက် အိမ်မှာပဲ ကိုယ့်ရဲ့ အားလက်ရက်လေးတွေကို အပန်းလည်းပြေ၊ ပျော်စရာလည်းကောင်းအောင် ဘယ်လို ဖန်တီးသင့်တယ် ဆိုတဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်။ လူတစ်ကိုယ်၊ အကြိုက်တစ်မျိုး ဆိုပေမယ့် အားလုံးအတွက် ခြုံငုံပြီး သင်္ကြန်ရက်အတွင်း အပျင်းပြေစေမယ့် နည်းလမ်းကောင်းလေးတွေကို စဉ်းစားကြည့်လိုက်တဲ့အခါ
၁။မဖတ်ဖြစ်သေးတဲ့ စာအုပ်တွေ ဖတ်ဖြစ်အောင်ဖတ်ပါ။
ခါတိုင်းချိန်တွေမှာဆို အလုပ်ကလည်း မအား၊ စာအုပ်ဖတ်ဖို့တောင် အချိန်မပေးနိုင် ဖြစ်နေတဲ့သူတွေအတွက် ကိုယ်ကြိုက်တဲ့ စာရေးဆရာရဲ့ စာအုပ်၊ ၀တ္ထု၊ ဆောင်းပါး၊ ကဗျာ အစရှိတာတွေကို စိတ်ကြိုက်ဖတ်နိုင်မယ့် အချိန်ကာလပါပဲ။ အဲ့ဒီလို စာတွေဖတ်ရင်း အားလပ်ရက်ကို ကျော်ဖြတ်မယ်ဆိုရင်တော့ ခုကတည်းက စာအုပ်တွေ စုထားဖို့ လိုပြီနော်။
၂။မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပါ။
သူလည်းအလုပ်မအား၊ ကိုယ်ကလည်း အချိန်တိုင်း အလုပ်တွေ ရှုပ်နေတာမို့ မတွေ့ရတာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေရှိရင် သူတို့နဲ့ သင်္ကြန်အားလပ်ရက်တွေထဲက တစ်ရက်လောက် အချိန်ပေးတွေ့ဆုံပါ။ ကိုယ့်အိမ်မှာဖြစ်ဖြစ်၊ သူ့အိမ်မှာဖြစ်ဖြစ် တခြားသူငယ်ချင်းတွေ ပါ ခေါ်ပြီး ချက်ပြုတ်စားသောက်ရင်း အားလပ်ရက် ကုန်ဆုံးတာမျိုးကလည်း ပျော်စရာ ကောင်းတာပါပဲ။
၃။ယောဂကျင့်ပါ။
အားလပ်ရက်မှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခိုင်းတာ၊ ယောဂကျင့်ခိုင်းတာ နည်းနည်းတော့ စားတဲ့ အလုပ်ပါ။ ဒါပေမယ့် ဒီလို အားလပ်ရက်များများ ရတဲ့အချိန် ကိုယ့်ကျန်းမာရေးအတွက် အချိန်ပေးတာ ဟာလည်း ကောင်းတဲ့ အရာပဲလေ။
၎။ခရီးထွက်ပါ။
သင်္ကြန်အားလပ်ရက်အတွင်းမှာ ခရီးထွက်ဖို့ဆိုတာ နည်းနည်းတော့ အာရုံနောက်စရာပါ။ ဒါပေမယ့် သင်္ကြန်မတိုင်ခင် တစ်ရက်၊ နှစ်ရက်လောက်ကတည်းက အေးအေးချမ်းချမ်း အချိန်ဖြုန်းနိုင်မယ့်နေရာ အကောင်းစားလေးဆီ အရောက် သွားနိုင်မယ် ဆိုရင်တော့ တကယ့်ကို ကောင်းတဲ့ အိုင်ဒီယာပါပဲ။ ခရီးထွက်တာဟာ ငြီးငွေ့ထိုင်းမှိုင်းနေတဲ့ စိတ်တွေကို တဖန်ပြန်လည် လန်းဆန်းစေနိုင်တာကြောင့်ပါ။
၅။မထိတွေ့တာကြာတဲ့ တူရိယာတွေအတွက် ပြန်လည်အချိန်ပေးပါ။
ကိုယ်ဝါသနာပါတဲ့ တူရိယာတစ်မျိုးမျိုးရှိရင် သူ့အတွက် အချိန်ပေးလိုက်ပါ။ မထိတွေ့တာကြာလို့ ကိုယ့်skill တွေကျနေရင်တောင် ပြန်အဖတ်ဆယ်ဖို့ အကောင်းဆုံးအချိန်ဟာ သင်္ကြန်အားလပ်ရက်ပဲပေါ့။
၆။မိသားစုနဲ့အတူ မုန့်လုပ်စားပါ။
သင်္ကြန်အားလပ်ရက်တွေအတွင်း အိမ်က ဖေဖေ၊ မေမေ၊ မောင်နှမတွေနဲ့အတူ တစ်နေ့တစ်မျိုး မရိုးရအောင် မုန့်တွေလုပ်စားရင်း ပျော်ပျော်ပါးပါး ဖြတ်သန်းလို့ရတယ်နော်။ မုန့်လုံးရေပေါ်၊ သာကူ၊ ရွှေရင်အေး သင်္ကြန်ထမင်း အစရှိတာတွေကို အတူတူချက်ပြုတ်စားသောက်ရင်း သာယာတဲ့အချိန်လေးတွေကို ဖန်တီးကြည့်လိုက်ပါ။
၇။ရုပ်ရှင်ကြည့်ပါ။
အိမ်မှာ မကြည့်ဖြစ်သေးတဲ့ ရုပ်ရှင်ဇာတ်ကားတွေ တောင်လိုပုံနေပြီ မဟုတ်လား။ သင်္ကြန်အားလပ်ရက်မှာ သူတို့ကို အချိန်ပေးဖို့အတွက် အကောင်းဆုံးအချိန်ပဲနော်။ အားလပ်ရက်ပြီးလို့ သူငယ်ချင်းတွေနဲ့ ပြန်တွေ့တဲ့အချိန်ဆို ကိုယ်ကြည့်ခဲ့တဲ့ကားတွေအကြောင်း ပြန်ကြွယ်လို့ရပြီလေ။
၈။ကိုယ်ဝါသနာပါတဲ့ အိမ်တွင်းမှုအလုပ်တွေအတွက် အချိန်ပေးပါ။
ကိုယ်က သိုးမွှေးထိုးရတာ ၀ါသနာပါတယ်။ ကိုယ့်အ၀တ်အစား ကိုယ်ချုပ်ဝတ်တတ်တယ်။ ဇာထိုး၊ ပန်းထိုးလေးတွေလည်း လုပ်တတ်တယ်ဆိုရင် သင်္ကြန်အားလပ်ရက်အတွင်း ဒါလေးတွေလုပ်ရင်း အချိန်ကုန်ဆုံးလိုက်ပေါ့။
၉။ကိုယ့်အခန်း၊ ကိုယ့်အိမ်ကို သန့်ရှင်းရေးလုပ်ပါ။
မရှင်းတာကြာလို့ အခန်းထဲက အ၀တ်အစားတွေက တို့လို့တွဲလောင်းတွေ ဖြစ်နေမယ်၊ စာအုပ်စင်ပေါ်မှာလည်း ဖုန်အလိမ်းလိမ်း တက်နေမယ်။ အားလုံးဟာ နေသားတကျမဖြစ်တော့ပဲ ရှုပ်နေတဲ့ ကိုယ့်အခန်း၊ ကိုယ့်အိမ်ကို ရှင်းလင်းရေးလုပ်ဖို့ အချိန်ပါပဲ။
၁၀။တရားထိုင်ပါ။
အားလပ်ရက်အတွင်း တရားစခန်း မ၀င်နိုင်ရင်တောင် ကိုယ့်အိမ်မှာ တရားထိုင်ပြီး ကိုယ့်ရဲ့ စိတ်အေးချမ်းတည်ငြိမ်ဖို့အတွက် အချိန်ပေးပါ။ တစ်နေ့ကို အနည်းဆုံး နာရီဝက်လောက် တရားထိုင်ပေးပါ။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment