ကင်မရာကို သေနတ်မှတ်ပြီး ဆီးရီးယား ကလေးငယ်တစ်ဦး လက်မြှောက် အရှုံးပေး



အက်မန် ဧပြီ ၁

ဆီးရီးယားနိုင်ငံ တူရကီနယ် စပ်အနီးရှိ ဒုက္ခသည်စခန်းမှ လေးနှစ်အရွယ် ကလေးငယ် တစ်ဦးသည်ဓာတ်ပုံဆရာကဓာတ်ပုံ ရိုက်ရန်ချိန်ရွယ်သည်ကို သေနတ် နှင့်ချိန်ရွယ်သည်ဟုထင်မှတ်ပြီး လက်မြှောက်အရှုံးပေးနေသည့် ဓာတ်ပုံတစ်ပုံ ယမန်နေ့တွင်လူမှု ကွန်ရက်စာမျက်နှာများပေါ်၌ ပျံ့နှံ့လာခဲ့ရာ စိတ်နှလုံးကြေကွဲ ဖွယ် သတင်းဓာတ်ပုံအဖြစ် ပြန် လည်မျှဝေသူများစွာရှိခဲ့သည်ကို တွေ့ရသည်။

 အဆိုပါကလေး ငယ်၏အမည်မှာ အဂျီဟူဒီယာ ဖြစ်ပြီး ၄င်း၏ဖခင်သည် ၂ဝ၁၂ ခုနှစ်ကသေဆုံးခဲ့သည့်အရပ်သား တစ်ဦးဖြစ်ကြောင်းသိရသည်။ ဓာတ်ပုံဆရာ အိုစမန်ဆာဂယ်လီ ကအမှတ်တမဲ့ဓာတ်ပုံရိုက်လိုက် ချိန်တွင်အဆိုပါကလေးငယ်သည် ကြောက်အားလန့်အားဖြင့် လက် မြှောက်လိုက်ခြင်းဖြစ်ပြီး အဆိုပါ ဓာတ်ပုံကိုတွစ်တာတွင်ပြန်လည် မျှဝေသူ တစ်သောင်းကျော်ရှိခဲ့ သည်။

အဆိုပါဓာတ်ပုံကို ပြီးခဲ့ သည့်ဒီဇင်ဘာလအတွင်းတူရကီ နယ်စပ်အတွင်းရှိ အက်မန်ဒုက္ခ သည်စခန်းတွင် ရိုက်ကူးခဲ့ခြင်း ဖြစ်ကြောင်း ဓာတ်ပုံဆရာ အိုစမန် ကပြောသည်။ ဓာတ်ပုံထဲတွင် လက်နှစ်ဖက်လေထဲသို့မြှောက်ကာ နှုတ်ခမ်းများကိုတင်းတင်းစေ့ထား ပုံကြောင့်များစွာကြေကွဲဝမ်းနည်း ရကြောင်း အိုစမန်ကပြောသည်။

 လက်ရှိအချိန်တွင် အဆိုပါကလေး ငယ် အဒီဟူဒီယာသည် အက်မန် ဒုက္ခသည်စခန်းတွင် မောင်နှမ သုံးဦးနှင့်အတူစိတ်ဒဏ်ရာကြီးစွာ ရနေသည့် မိခင်ဖြစ်သူတို့နှင့်အတူ ရှိနေဆဲဖြစ်ကြောင်း အိုစမန်က ပြောသည်။

The Union Daily
http://uniondaily.net
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment