ကင်ညာ အကြမ်းဖက် တိုက်ခိုက်မှု ၁၇ ဦးထက် မနည်း သေဆုံး


ကင်ညာတက္ကသိုလ်တိုက်ခိုက်မှု ရဲလုံခြုံရေးများ ကူညီကယ်ဆယ်နေစဉ်။ (ဧပြီ ၂၊ ၂၀၁၅)
ကင်ညာနိုင်ငံ အရှေ့မြောက်ပိုင်း ဆိုမာလီနိုင်ငံ နယ်စပ်အနီးက Garissa တက္ကသိုလ်မှာ Al-Shabab စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၁၇ ယောက်ထက်မနည်း သေဆုံးပြီး၊ ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒီနေ့မနက် အစောပိုင်းက ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်း ရာနဲ့ချီတဲ့ ကျောင်းသားတွေ ပျောက် ဆုံးနေပြီး၊ အရေအတွက် အတိအကျ မသိရတဲ့ ကျောင်းသား တော်တော် များများကိုတော့ စစ်သွေးကြွတွေက ဖမ်းထားတယ်လို့လည်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။

တက္ကသိုလ်က ၀န်ထမ်းတွေ အားလုံးကတော့ လွတ်မြောက်လာပြီး၊ ကျန်တဲ့သူတွေကို ကယ်တင်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ကင်ညာ အရေးပေါ် ကယ်ဆယ်ရေး အေဂျင်စီကပြောပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် သံချပ်ကာကားတွေလည်း သွားနေကြပြီလို့ အခင်းဖြစ်ရာ နေရာမှာ ရောက်နေတဲ့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။ တိုက်ခိုက်သူ အရေအတွက် အတိအကျကို မသိရပေမဲ့ တိုက်ခိုက်မှုဖြစ်ရာ နေရာကနေ ထွက်ပြေးဖို့ ကြိုးစားတဲ့ သံသယရှိသူ တဦးကို ဖမ်းဆီးခဲ့ကြောင်းလည်း ပြည်ထဲရေး ၀န်ကြီးဌာနက ပြောဆိုခဲ့ တာပါ။ ကင်ညာသမ္မတ Uhuru Kenyatta ကတော့ ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး တိုက်ခိုက်မှုကို တုံ့ပြန်ကိုင်တွယ်နေပြီ ဖြစ်တဲ့အကြောင်း ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

ကင်ညာလူထုအနေနဲ့ တည်တည်ငြိမ်ငြိမ် ရှိကြဖို့နဲ့ လုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အာဏာပိုင်တွေထံပေးကြဖို့လည်း တိုက်တွန်းခဲ့တာပါ။ တိုက်ခိုက်မှုဖြစ်ပြီးပြီးချင်း နာရီပိုင်း အတွင်းမှာပဲ Al-Shabab အဖွဲ့ကတော့ သူတို့လက်ချက်အဖြစ်နဲ့ ကြေညာခဲ့ပါတယ်။

ဆိုမာလီယာမှာ ကင်ညာတပ်ဖွဲ့တွေ ၀င်ရောက် တိုက်ခိုက်နေတဲ့အပေါ် လက်တုံ့ပြန် တိုက်ခိုက်တာလို့လည်း ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ တိုက်ခိုက်သူတွေဟာ ကျောင်းသားတွေကို ခရစ်ယာန်လား မူဆလင်လားဆိုပြီး မေးမြန်းတာတွေ့ရတယ်လို့လည်း ကိုယ်တွေ့မြင်သူတွေက ပြောပါတယ်။

စစ်သွေးကြွအဖွဲ့ ပြောခွင့်ရသူကတော့ ခရစ်ယာန်ကျောင်းသားတွေကို ဓားစာခံအဖြစ် ဖမ်းထားပြီး မူဆလင်တွေ အားလုံးကို ပြန်လွှတ်ပေးလိုက်ပြီလို့ ပြောဆိုထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment