အလှူသွားရောက်စဉ် ယာဉ်တိုက်မှုဖြစ်၊ ကိုးဦးသေဆုံး


ဓါတ်ပုံ - Winkyaw Kyaw (fb)
ကျိုက်ထို ဧပြီ ၂

ကျိုက်ထိုမြို့နယ် တောင်သူစု ရပ်ကွက် ရန်ကုန်-မော်လမြိုင် ကား လမ်း မိုင်တိုင်အမှတ် (၁၁ဝ/ဝ) တံတားဖြူကွေ့အနီး၌ ဧပြီ ၂ ရက် နံနက် ၁ဝ နာရီခန့်တွင် ယာဉ်တိုက်မှုကြောင့် ကိုးဦးသေဆုံး ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျိုက်ထိုမြို့တွင်းဘက် မှ ဘီးလင်းဘက်သို့ ယာဉ်မောင်း ချမ်းအေး (၂၆)နှစ်က ဖောလန်းယာဉ် တွင် ကျောက်စရစ်ခဲများ တင်ဆောင် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ လာသော ဟိုင်းလတ်မာတီအိပ်စ် အမျိုးအစား နက်ပြာရောင်ယာဉ်အား အရှိန်ပြင်းစွာ ဝင်တိုက်မိရာ ဟိုင်းလတ်မာတီအိပ်စ်၏ ယာဉ်မောင်း အပါအဝင် ယာဉ်ပေါ်ပါရှိသူများ အနက် အမျိုးသား သုံးဦး၊ အမျိုးသမီး နှစ်ဦး၊ ကလေးလေးဦး စုစုပေါင်း ကိုးဦးတို့မှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး၊ ကလေးနှစ်ဦးမှာ စိုးရိမ်ဒဏ်ရာများ ရရှိ၍ ကျိုက်ထိုပြည်သူ့ဆေးရုံမှ တစ်ဆင့် ပဲခူးပြည်သူ့ဆေးရုံသို့ ဆေးကုသရန် လွှဲပြောင်းပေးခဲ့သည်။

ဟိုင်းလတ်ယာဉ်ပေါ်ပါသူများမှာ ကော့ကရိတ်မြို့နယ် ကော့သိန်းကျေးရွာမှ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ဥဿာမြို့သစ်ရှိ သာမဏေကျော် ပရိယတ္တိစာသင်တိုက်တွင် ရဟန်းခံ ရှင်ပြုရန်သွားရောက်စဉ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဝင်းမောင်(Iprd)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment