ဟောင်ကောင် လေယာဉ်အမှုထမ်းများ ထိုင်သပိတ်ပြုလုပ်


 ဟောင်ကောင်မှာ လစာ ဖြတ်တောက်မှုတွေနဲ့ မညီမျှတဲ့ လစာတို့ကို ဆန့်ကျင်တဲ့ အနေနဲ့ ကာသေ့ပစိဖိတ် လေကြောင်းလိုင်းက လေယာဉ်အမှုထမ်း ရာပေါင်းများစွာ ထိုင်သပိတ်မှောက် နေကြပါတယ်။

တာဝန်ချိန်ပြင်ပ ဝန်ထမ်းတွေက သူတို့စားသောက်စရိတ်အဖြတ်ခံရတာ၊ အလုပ်တူချိန်မှာ မတူတဲ့ ဝန်ထမ်းတွေကြား လစာက ၁၁ ရာခိုင်နှုန်းထိ ကွာခြားတာနဲ့ အနှောင့်အယှက်ပေးတဲ့ ခရီးသည်ကို ကိုင်တွယ်ရာမှာ ဝန်ထမ်းတွေအတွက် တရားရေး အထောက်အပံ့ပေးတဲ့ လုပ်ငန်းမူဝါဒကို ပယ်ဖျက်တာ စတဲ့ အချက်တွေကို ဆန့်ကျင် ဆန္ဒပြတာပါ။

မေ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး ကျေနပ်လောက်တဲ့ အဖြေမပေးရင် ဆန္ဒပြမှုကို အရှိန်မြှင့်မယ်လို့ ကာသေ့ ပစိဖိတ်လေကြောင်းလိုင်းရဲ့ လေယာဉ်မောင်မယ်များသမဂ္ဂဥက္ကဋ္ဌ ဒိုရာလိုင်က ပြောပါတယ်။

ဝန်ထမ်းအဖွဲ့ဝင် ၆၂၀၀ ရှိတဲ့သမဂ္ဂဟာ မေ ၂၁ မနက် ဆယ်နာရီထိ လေကြောင်းလိုင်း က တုံ့ပြန်မှုမရရင် သြဂုတ်လထဲမှာ ဆန္ဒပြဦးမယ်လို့ သူက ဆက်ပြောပါတယ်။

ခရီးသွားပြည်သူတွေ အဆင်မပြေဖြစ်တာ မလိုလားလို့ ခရီးစဉ်တွေကို စီစဉ်နိုင်ဖို့ ကြိုတင်ကြေညာမယ်လို့ လိုင်က ပြောပါတယ်။

လေယာဉ်မယ်လုပ်သက် လေးနှစ်ရှိတဲ့ ရစ်စီလောကတော့ လစာတိုးဖို့ ဆန္ဒပြတာ မဟုတ်ဘဲ ကနဦး စာချုပ်ထဲက သဘောတူညီချက်တွေကို ပြန်တောင်းယူဖို့သာ ဖြစ်တယ်လို့ ပြောပါတယ်။

လေကြောင်းလိုင်းဟာ သိပ်ကောင်းတဲ့ လူထုပုံရိပ်ကို ရထားချိန်မှာ စီမံခန့်ခွဲရေးအဖွဲ့က ဝန်ထမ်းတွေကို ပိုပြီး လေးစားမှု ပေးသင့်တယ်လို့ လေယာဉ်မယ် အဲရစ်ကာ လျောင်က ပြောပါတယ်။

မနှစ်က နှစ်စဉ်ကျင်းပနေကျ စကိုင်းထရက်စ်ဆုပေးပွဲမှာ ကမ္ဘာ့အကောင်းဆုံး လေကြောင်းလိုင်းဆုကို ရခဲ့တဲ့ ဟောင်ကောင် အခြေစိုက် ကာသေ့ ပစိဖိတ် လေကြောင်းလိုင်းဟာ နိုင်ငံပေါင်း ၄၆ နိုင်ငံက မြို့ပေါင်း ၁၉၀ ကို လေကြောင်းခရီးစဉ်တွေ ပျံသန်းနေတာပါ။

ဝန်ထမ်းဦးရေ ၂၁၀၀၀ ရှိတယ်လို့ ၂၀၁၄ ဇူလိုင်က ထုတ်ပြန်တဲ့ ကြေညာချက်က ဆိုပါ တယ်။ ဒီဇင်ဘာလက လေယာဉ်မှူးတွေရဲ့ ဆန္ဒပြမှုကို ဖြေရှင်းခဲ့ရသေးတယ်လို့ ဒေသခံ သတင်းစာ South China Morning Post က ဆိုပါတယ်။

လေကြောင်းလိုင်း ပြောခွင့်ရက စီမံခန့်ခွဲမှုအဖွဲ့ဟာ အရင် ၂ ပတ်က သမဂ္ဂနဲ့ အစည်းအဝေး ၃ ကြိမ်လုပ်ခဲ့တယ်လို့ ပြောပါတယ်။

လစာကွာဟချက် ရှိပေမယ့် စာချုပ်သစ် ပြန်ချုပ်တဲ့ ဝန်ထမ်းတွေဟာ ယေဘုယျအားဖြင့် ဆယ်ဂဏန်းထိ ရာခိုင်နှုန်းနဲ့ လစာတိုးခဲ့ပြီး ကုမ္ပဏီက အငြင်းပွားမှုမှာ တရားရေး အကာအကွယ်ပေးမှုကို ဖယ်ရှားဖို့ အစီအစဉ် မရှိဘူးလို့ လေကြောင်းလိုင်း ပြောခွင့်ရက ဆိုပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment