အ.ထ.က(၁) ကော့ကရိတ် အစိုးရစစ် ၈တန်းအောင်စာရင်း ထူးချွန်လူရည်ချွန် ကလေလးတစ်ယောက် ကျရှုံးပြီးမှ ပြန်အောင်သွားခြင်း


ယနေ့ထုတ်ပြန်သော အောင်စာရင်းများတွင် အစိုးရစစ် ၈တန်းအောင်စာရင်း၌ အ.ထ.က(၁) ကော့ကရိတ်မှ ထူးချွန် လူရည်ချွန် ကျောင်းသား မောင်ထက်အောင်ပိုင် သည် မှားယွင်းစွာ ကျရှုံးခဲ့ပါသည်။

 ၈တန်းဆရာမများမှ ကျောင်းသား၏ အရည်ချင်းအရ မည်သို့မျှကျရှုံး မဖြစ်နိုင်ကြောင်း အောင်စာရင်းထုတ်ပြန်ရာ ကရင်ပြည်နယ် ပညာရေးမှူးရုံးသို့ အဆင့်ဆင့် အကြောင်းကြား ခဲ့ကြသည်။

မောင်ထက်အောင်ပိုင်ကိုယ်တိုင်မှလည်း သူဖြေလို့ရကြောင်း၊ ဂုဏ်ထူးများပင်ထွက်နိုင်ကြောင်း၊ ခုလိုကျရှုံးသဖြင့် စိတ်ထိခိုက်ရကြောင်း၊ သူ၏အဖြေလွှာကို ပြန်လည်စီစစ်ပေးစေလိုကြောင်း၊ ၀မ်းနဲစွာ ပြောပြခဲ့သည်။

Fax ဖြင့် ပြည်နယ်ပညာရေးမှူးရုံးသို့ အကြောင်းကြားပြီး နံနက် ၉း၃၀နာရီတွင် ပြည်နယ်ပညာရေးမှူးရုံး(ဘားအံ)မှ Faxဖြင့် အောင်စာရင်း အသစ်တစ်စုံ ပြန်ပို့လာပြီး မောင်ထက်အောင်ပိုင် Aအဆင့်(၈၀နှင့်၁၀၀မှတ်)နှင့်အောင်မြင်ကြောင်း ပါဝင်လာပါသည်။

ယခုကဲ့သို့အောင်စာရင်းမှာယွင်းမှုအတွက် ကျောင်းသားမိဘများမှ ပြည်နယ်ပညာရေးကို ဝေဘန်မှုများအသီးသီး ထွက်ပေါ် လာခဲ့ ပါသည်၊

ကျရှုံးကျောင်းသား မိဘများကလည်း သူတို့၏ သားသမီးများ အမှန်တကယ် ကျရှုံးပါရဲ့လား ခုလိုအောင်စာရင်းမှားယွင်းမှု ဖြစ်နေပြီလားနှင့် သံသယပွားပြီး အမျိုးမျိုးပြောဆို နေကြသည်။

ဒီနေရာမှာ ထူးချွန်ကျောင်းသူသာဆိုရင် ရှက်ပြီး တခုခုလုပ်မိသွားရင် ဘယ်လိုလုပ်မလဲဟု ကျောင်းသားမိဘတစ်ဦးမှ ပြောဆိုသွားသည်။

အောင်စာရင်းဆိုတာက ကျောင်းသူ ကျောင်းသားတွေရဲ့ မှတ်ကျောက်ပဲလေ၊ ဒါကိုပေါ့ပေါ့ဆဆ လုပ်တာကတော့ ကလေးတွေရဲ့ တလူလူတက်နေတဲ့ အညွန့်ကို ချိုးလိုက်သလိုပါဘဲ၊ အနည်းဆုံးတော့ ကလေးမှာ စိတ်ဒါဏ်ရာတော့ ရသွားတာပေါ့၊ ဒီလိုပေါ့ဆမှုအတွက် တာဝန်ရှိတဲ့သူတွေကို ပြင်းထန်စွာအရေးယူသင့်တာပေါ့ဟု ကျောင်းသား၏ အဖိုးဖြစ်သူမှ ပြောဆိုသွားပါသည်။

သတင်း-ဓါတ်ပုံ Dawna Aungtoe (facebook)

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment