“How old do I really look?” ငါ့ရုပ်ရည် ဘယ်လောက် အိုစာနေပြီလဲ ဆိုတဲ့အရာက ကျွန်ုပ်တို့ ခေါင်းထဲရှိတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ အဲဒီအတွက် မိုင်ခရိုဆော့ဖ်မှ How Old ဆိုတဲ့ app အသစ်တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ၄င်း app အသုံးပြုသူရဲ့ အသက်အရွယ်ကို တွက်ချက်ပေးမယ့် မျက်နှာ အမှတ်အသားပြု နည်းပညာကို အသုံးပြုထားတာပါ။
မိုင်ခရိုဆော့ဖ် အင်ဂျင်နီယာတွေထဲ နှစ်ဦးမှ ၄င်းရဲ့ blog တစ်ခုမှာ ပုံတစ်ပုံ upload လုပ်လိုက်တာနဲ့ app မှ သူတို့ရဲ့ gender နဲ့ အသက်အရွယ်ကို ဖော်ပေးနိုင်မှာ ဖြစ်ကြောင်း ရှင်းပြထားပါတယ်။ ဒါ တကယ် အဆင်ပြေကောင်းမွန်လို့ နေပါတယ်။ ဒါပေမယ့် ဘယ်လို တွက်ချက်ပေးပါသလဲ။
ဘယ်လို အလုပ်လုပ်လဲဆိုတာ သိလိုပါက how-old.net မှာ ဝင်ရောက် စမ်းကြည့်နိုင်ပါတယ်။ သို့ပေမယ့် တစ်ခု သိထားရမှာက မိုင်ခရိုဆော့ဖ် အနေနဲ့ သင့်ဓာတ်ပုံကို ၄င်းရဲ့ ဝက်ဘ်ဆိုက်နဲ့ ကြော်ငြာမှာ ယူသုံးနိုင်ကြောင်း အတိအလင်းဖော်ပြထားပါတယ်။
Ref: WHM
Source:trend.com.mm
0 comments:
Post a Comment