လက်မထပ်ရသေးတဲ့ ချစ်သူစုံတွဲနှစ်ဦး မော်တော်ဆိုင်ကယ် အတူစီးတာ အပြစ်ကျူးလွန်မှု လုပ်ရပ်အဖြစ် ဥပဒေပြုသူတွေက ဆိုပါတယ်။
Aceh က ရှာရီယာဥပဒေ (Sharia Law) ကျင့်သုံးခွင့်ရှိ တစ်ခုတည်းသော ပြည်နယ်ဖြစ်ပါတယ်။
ယင်းဥပဒေက ကျောင်းသားနဲ့ ကျောင်းသူများ သီးခြား စာသင်ကြားဖို့ ကျောင်းများအတွက် လိုအပ်ချက်တွေနဲ့ အတူ လာမယ့်နှစ်မှာ အကျိုးသက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။
အဲဒီဥပဒေနဲ့ ပတ်သက်ပြီး အင်ဒိုးနီးရှား ပြည်သူတွေဆီမှ တုံ့ပြန်မှု အမျိုးမျိုးရှိခဲ့ပါတယ်။ တချို့က သဘောတူထောက်ခံကြသလို အခြားသူတွေကလည်း အခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိကြောင်း ငြင်းခုံပြောဆိုကြတယ်။
ဒီ့အပြင် ဆိုင်ကယ်စီးသူအချို့က စုံတွဲတွေ လက်ထပ်စာချုပ်နဲ့ ယာဉ်မောင်းလိုင်စင် ယူဆောင်ဖို့ လိုမလို မေးခွန်းထုတ်လျက် ဒါကို လက်တွေ့မှာ ဖြစ်နိုင်ခြေရှိမရှိ စိတ်ဝင်စားနေကြပါတယ်။
လက်ရှိကျင့်သုံးနေတဲ့ စနစ်က အစ္စလမ်ဘာသာ အယူဝါဒနဲ့ မကိုက်ညီကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
လက်မထပ်သေးတဲ့ လူနှစ်ယောက် မော်တော်ဆိုင်ကယ် တစ်စီးပေါ် အနီးကပ်ထိုင်တာ အပြစ်ကျူးလွန်မှုတွေ ဖြစ်စေနိုင်လို့ အစ္စလမ်ဘာသာတရားနဲ့ လုံးလုံးမကိုက်ညီဘူးလို့ နိုင်ငံရေးသမား Fauzan Hamzah က AFP ကို ပြောပြခဲ့တယ်။
၂၀၁၃ ခုနှစ်က Aceh ပြည်နယ်ရှိ မြို့တစ်မြို့မှာ အမျိုးသမီးဆိုင် ကယ်စီးသူတွေကို အမျိုးသားမောင်းတဲ့ ဆိုင်ကယ်နောက် တက်စီးခြင်းကို တားမြစ်ခဲ့ဖူးပါတယ်။
Ref: BBC
Source:trend.com.mm
0 comments:
Post a Comment