မွေးကတည်းက ဖူးစာပါခဲ့တဲ့ စုံတွဲ





အများစုပြောကြတာတစ်ခုက ဖူးစာဖက်ဟာ ကိုယ်မထင်မှတ်ထားတဲ့ အချိန်တွေမှာ တွေ့ရတတ် တယ်ဆိုတာပါပဲ။ ကောလိပ်ကျောင်းမှာ ၊ စူပါမားကတ်မှာ ၊ ဒီနေ့ခေတ် အရဆိုရင် အင်တာနက် မှာစသဖြင့် ဖူးစာရေစက် အမျိုးမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဆေးရုံမှာ မွေးတဲ့အချိန်ကတည်းက ဖူးစာပါလာတယ်ဆိုတာကတော့ မကြားဖူးသေးတဲ့ အရာပါ။
ဒီအဖြစ်အပျက်ဟာ David McDermott နဲ့ Sophie Coles ဆိုတဲ့ ဆေးရုံတစ်ခုတည်းမှာ ၂ နာရီသာ ခြားကာ မွေးဖွားခဲ့ပြီး ၂၆ နှစ်အကြာမှာတော့ လက်ထပ်ကြတော့မယ် လက်တွဲဖော်တွေ ဖြစ်လာကြပါတယ်။
သူတို့ ၂ ယောက်ဟာ တစ်ရပ်ကွက်ထဲနေသူတွေလည်း ဖြစ်ကြသလို မူလတန်းကနေ အထက်တန်းအထိ ကျောင်းနေဖက်တွေပါ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အသက် ၁၆နှစ်ပြည့်ကြတဲ့ အခါမှာတော့ သူတို့ ၂ ယောက်ရဲ့ ဆက်ဆံရေးဟာစပြီး ကဗျာဆန်လာပါတော့တယ်။
အဲဒီနောက်လည်း ကောလိပ်တစ်ခုတည်းမှာ အတူတစ်ကွ တက်ရောက်ခဲ့ကြပြီး နောက်တစ်ပတ်ဆိုရင် သူတို့ ၂ ယောက်ဟာ ၁၀ နှစ်ပြည့် အမှတ်တရနေ့ကို ဖြတ်သန်းကြရတော့မယ်လို့ သိရပါတယ်။
မွေးကတည်းက ရေစက်ပါတဲ့ သူတို့ ၂ ယောက်ရဲ့ ဖူးစာဟာ အရမ်းကိုကျေနပ်စရာကောင်းလှပါတယ်။

Ref:lifeandstylemag
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment