အချစ်ရေး စန်းပွင့်တယ်ဆိုတာ အစစအရာရာ မှာ ကံကောင်းနေတဲ့ အချိန်မို့လို့ပါလို့ သုံးသပ်လိုက်တဲ့ အောင်ရဲလင်း





တခြားအနုပညာရှင်တွေထက် အချစ်ရေးမှာ ပိုမို စန်းပွင့်လှတဲ့ အောင်ရဲလင်းက ဟောတစ်ယောက် ဟောတစ်ယောက်နဲ့ လက်ရှိမှာ ဘယ်သူနဲ့ ချစ်သူဖြစ်နေပါတယ်လို့ အတိအကျ မသိကြရပေမဲ့ လက်ရှိအချစ်ရေးက အေးအေးဆေးဆေးပါပဲလို့ပြောပြလာခဲ့ပါတယ်။ အချစ်ရေးမှာ စန်းပွင့်နေတယ်ဆိုတာကလဲ သူ့ရဲ့ အစစအရာရာမှာ ကံကောင်းနေတဲ့ အရာတွေကြောင့်လို့ပြောပြလာတဲ့ အောင်ရဲလင်းရဲ့ အချစ်ရေးအကြောင်း အရာတွေနဲ့ အနုပညာလှုပ်ရှားတွေ အကြောင်း မေးမြန်းကြည့်မိတဲ့အခါ
-ခုရိုက်နေတဲ့ ဇာတ်ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။
ခုရိုက်နေတဲ့ ကားလေးက ဆူးခတ်တွေပြည့်နေတဲ့ ပြန်နေကျလမ်းလေးပေါ်မှာတဲ့။ မင်းသမီးက ခင်ဝင့်ဝါ၊ ဒါရိုက်တာက နေသူရိန်ပါ။ ရိုမန့်စ် ဒရာမာ ၂ မျိုးရောထားတာပေါ့။ ကျွန်တော့်ကာရိုက်တာက တက္ကစီမောင်းတယ်။ ညညဆို စားသောက်ဆိုင်မှာ သီချင်းဆိုတဲ့ ကာရိုက်တာလေးပါ။ ဒီကားပြီးရင် ဦးဝင်းထွန်းထွန်းနဲ့ရိုက်ဖို့ရှိပါတယ်။
-၂၀၁၅ ထဲမှာကားကြီးအနေနဲ့ရော ပရိသတ်ကို ဘယ်လိုဖန်တီးပြသွားမလဲ။
၂ကားရိုက်ဖို့ရှိတယ်။ ကိုညိုနဲ့ကား အပါအ၀င်ပေါ့။ ကိုညိုနဲ့ကားကတော့ရိုက်ပြီးသွားပါပြီ။ အဲ့ဒီကားလေးက အတွက်အများကြီးပြောပြစရာတော့မရှိပါဘူး။ ဒါပေမဲ့ အမှတ်တရဖြစ်တဲ့ကားတစ်ကားပါပဲ။ ယိုးဒယားက မင်းသမီးနဲ့ မြန်မာပြည်က လူတွေနဲ့ပေါင်းပြီး ရိုက်တာဆိုတော့ အဲ့ဒါလေးကတော့ အမှတ်တရပါပဲ။
-ဇာတ်လမ်းအမျိုးအစားတွေကိုရော ဘယ်လိုခွဲခြမ်းစိတ်ဖြာပြီး လက်ခံရိုက်ကူးသွားမလဲ။
ဇာတ်လမ်းအမျိုးအစားတွေကိုသေချာ စိစစ်ပြီးရိုက်ကူးနေတယ်။ ဒီ၂၀၁၅ ထဲမှာဆိုရင် အရင်ကသိပ်ရိုက်ကူးလေ့မရှိတဲ့ ဇာတ်လမ်းပုံစံတွေကို ပိုရိုက်ဖြစ်တယ်။ ဟာသကို နဲနဲလျှော့ထားတယ်။ အဓိက ကတော့ ရိုမန့်စ်တို့၊ ဒရာမာတို့၊ Suspent တို့ကို ပိုရိုက်ဖြစ်နေပါတယ်။ ကိုယ်ကိုတိုင်ကြိုက်တဲ့ ဇာတ်တွေကိုပဲ ရိုက်တာများတယ်။ တခါတရံ ကျွန်တော့် အမေနဲ့လဲ တိုင်ပင်ဖြစ်တယ်။ အကောင်းဆုံးဖြစ်အောင်ရိုက်တဲ့ကားတွေကိုပဲနောက်ပိုင်းမှာ ပရိသတ်တွေအတွက် ဖန်တီးပြသွားမှာပါ။ ဒါရိုက်တာကလဲ ဒီဇာတ်ညွှန်းကို သေချာလေး ရိုက်ချက်တွေနဲ့ဖြည့်စွက်လိုက်မယ်ဆိုရင် အများကြီးမိုက်သွားမယ်။
-လက်ရှိအောင်မြင်မှုကိုရော ဘယ်လိုမျိုးလေး ထိန်းသိမ်းသွားမလဲ။
ကျွန်တော်ကတော့ အကောင်းဆုံးပဲကြိုးစားသွားမှာပါ။ ဘယ်လောက်ထိ ထိန်းနိုင်မလဲ။ မထိန်းနိုင်ဘူးဆိုတာကတော့ ကံတရားပဲပေါ့။ အဲ့ဒါကတော့ ကျွန်တော်လဲ လုပ်ယူလို့မရသလို ၊ ဘယ်သူမှလဲလုပ်ယူလို့မရနိုင်ဘူး။ ကျွန်တော်လက်ရှိ လက်ခံထားတဲ့ ကားတွေကိုလဲ အကောင်းဆုံးကြိုးစားပြီး ရိုက်ကူးသွားမှာပါ။ အဓိကကတော့ ကျွန်တော့ကားလေးတွေ ထွက်လာတဲ့အခါ ပရိသတ် အားပေးကြမယ်ဆိုကျေနပ်ပါပြီ။
-ကိုးရီးယားနိုင်ငံမှာ ကျင်းပတဲ့ Asia Model Awards ဆုကို Myanmar Star အဖြစ် သွားယူတဲ့အခါ ရရှိခဲ့တဲ့အတွေ့အကြုံလေးတွေကိုလဲ ဝေမျှပေးပါဦး။
အတွေ့အကြုံကတော့ နိုင်ငံတကာနဲ့ပတ်သက်ပြီးတော့ရပါတယ်။ ပြီးတော့ ကျွန်တော့အနေနဲ့ ရရှိခဲ့တဲ့အတွေ့အကြုံတွေက သူများနိုင်ငံမှာ အများကြီး တိုးတက်တယ်။ အနုပညာပိုင်းရော၊ သရုပ်ဆောင်ပိုင်းရော အများကြီး တိုးတက်နေတဲ့ ကိုးရီးယားနိုင်ငံမှာ ကျင်းပတဲ့ပွဲမှာ ဆုသွားယူရတဲ့အတွက် ကျေနပ်မိတယ်။ ၀မ်းသာမိတယ်။ ဘာပဲဖြစ်ဖြစ် ပညာတွေလဲ အများကြီးရတယ်။ ကိုယ်လဲပိုပြီးတော့ ကိုယ့်ရဲ့ အနုပညာကို အားစိုက်ဖို့အတွက် စိတ်အားထက်သန်လာတယ်။ ဒါတွေဟာ ကျွန်တော့်အတွက်အတွေ့အကြုံတွေပါပဲ။
-တက်တူးနဲ့ပတ်သက်တဲ့စိတ်ခံစားချက်ကိုလဲသိချင်ပါတယ်။
တက်တူး နဲ့ပတ်သက်ပြီး သဘောကျလားဆိုတော့ နောက်ပိုင်းထိုးတဲ့ တက်တူးတွေမှာ အရုပ်တွေဘာတွေကိုတော့ သိပ်အားမသန်ဘူး။ စာလုံးတွေရေးတာကိုတော့ ကြိုက်တယ်။ အဲ့ဒါလေးတွေတော့ ထိုးဖြစ်တယ်။ တက်တူးက ကိုနိုင်ကြီးဆီမှာ ထိုးဖြစ်တယ်။ တက်တူးကိုထိုးတာက စိတ်ခံစားချက်ကြောင့်တော့ မဟုတ်ဘူး။ အခုခေတ်က တက်တူးခေတ်ဆိုတော့ ဘာပဲဖြစ်ဖြစ် ခေတ်နဲ့လဲ အံဝင်အောင် အရမ်းကြီးရိုင်းတဲ့ ဟာမျိုးလဲမဖြစ်အောင် စဉ်းစားပြီးတော့ ထိုးထားတာပါ။
-အနုပညာဖက်မှာလဲ အရမ်းအောင်မြင်သလို အချစ်ရေးဖက်မှာလဲ စန်းပွင့်လှတဲ့ အစ်ကို့ရဲ့အချစ်အပေါ် စိတ်ခံစားချက်ကိုလဲ သိချင်ပါတယ်။
အချစ်ရေးနဲ့ပတ်သက်ရင်တော့ အေးအေးဆေးဆေးပါပဲ။ အချစ်ကို ဘယ်လိုမျိုးနားလည်ထားလဲဆိုတော့ အဓိကကတော့ ကိုယ်လဲ ချစ်တယ်။ သူလဲ ချစ်တယ်ဆိုရင် အဆင်ပြေပါတယ်။ အိမ်က ကျွန်တော့်အချစ်ရေးနဲ့ပတ်သက်ပြီး ဘာမှဝေဖန်ပိုင်းခြားခြင်း မရှိဘူး။ ကျွန်တော့်စိတ်ကြိုက်ပဲ ရွေးချယ်ခွင့်ပေးထားပါတယ်။ ခုနက ကျွန်တော်ပြောသလိုပေါ့။ သူကလဲချစ်တယ်။ ကိုယ်ကလဲ ချစ်တယ်ဆိုရင် ကျွန်တော့်အတွက် အချစ်ဆိုတာ ပြည့်စုံပါတယ်။
-အချစ်ရေးစန်းပွင့်တာကရော ဘာကြောင့်လို့ထင်လဲ။
စန်းတော့ မပွင့်ပါဘူးဗျာ။ ထင်လို့ပါ။
-ဒါပေမဲ့ တခြားအနုပညာရှင်တွေထက် စာရင်ပိုပြီးတော့ စန်းပွင့်တယ်လို့ပရိသတ်အချို့က သုံးသပ်ကြတယ်လေ။
ကျွန်တော်ထင်ပါတယ်။ အဲ့ဒါကလဲ ကံပါပဲ ။ ဘာပဲဖြစ်ဖြစ်ပေါ့။ ကံကောင်းနေတဲ့ အချိန်မှာတော့ ဘာပဲလုပ်လုပ် အဆင်ပြေတယ်။ ကံဆိုးနေတဲ့အချိန်မှာတော့ ဘာပဲလုပ်လုပ် အဆင်ပြေချင်မှလဲပြေမယ်။ အဓိကကတော့ ကံပါပဲ။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment