အမေရိကကို ရောက်ရှိနေတဲ့ တေးသံရှင် ခင်ဘုဏ်းက ဧပြီလထဲမှာ မြန်မာပြည် ကို ခေတ္တ ပြန်လည် ရောက်ရှိခဲ့ပြီး မြန်မာသင်္ကြန် ကိုလည်း နေပြည်တော် Skynet မဏ္ဍပ် မှာ သီချင်း ဆိုရင်းဖြတ်သန်းခဲ့ပါတယ်။ ခင်ဘုဏ်း က ဒီတစ်ခေါက် မှာတော့ သုံးလခွဲ ကြာနေမှာ ဖြစ်ပြီး ဒီမှာနေစဉ် ကာလမှာ သီချင်း ကိစ္စတွေ လည်း စီစဉ်ခဲ့ဦးမယ် လို့ သိရပါတယ်။
“တချို့ သီချင်းလေးတွေ လက်စသတ်စရာ ရှိတာလေးတွေ လုပ်မယ်။ အတီးပိုင်းလေး လက်စသတ်စရာ ရှိတာလေးတွေ၊ အတွဲဆို စရာလေးတွေကို ဒီမှာရောက်တုန်း ဆိုခဲ့ တယ်။ Show အနေနဲ့ အကြီးတွေတော့ မရှိဘူး။ ပွဲငယ်လေးတွေတော့ ရှိမယ်” လို့ ခင်ဘုဏ်း ကပြောပါတယ်။ ခင်ဘုဏ်း က ဟိုမှာနေစဉ်မှာ လည်း သီချင်း သွင်းဖြစ်ပြီး ဒီက ဂီတလောက နဲ့ အဆက် မပြတ်ဘူး လို့လည်း သိရပါတယ်။
”ဟိုမှာလည်း Home Studio ရှိတော့ အဲဒီမှာ သီချင်းသွင်းဖြစ်တယ်။ မနှစ်က သင်္ကြန်စီးရီးမှာ လည်း ဟိုမှာပဲသွင်းပြီး ဒီကို ပို့ဖြစ်တယ်။ ဒီနဲ့တော့ အဆက် အသွယ် ပြတ် မသွားပါဘူး” လို့ ခင်ဘုဏ်း က ပြောပါတယ်။ ခင်ဘုဏ်း ရဲ့ စီးရီးသစ် ကတော့ မြန်မာ ပြည်နဲ့ အသွား အပြန် ဖြစ်နေတဲ့ အတွက် ကြာဦးမှာ ဖြစ်ပြီး စီးရီးက အ ချိန်အေး အေးဆေးဆေး လုပ်ရမှာဖြစ်တာကြောင့် ဘယ်တော့ ထွက်ဖြစ်မယ် ဆိုတာတော့ မသိနိုင် သေးဘူး လို့ ဆိုပါတယ်။
“ဒီကြားထဲ မှာတော့ ပရိသတ် အတွက် လည်း အတတ်နိုင်ဆုံး ကြိုး စားပြီး သီချင်း တွေ လုပ်သွားဖို့ ရှိပါ တယ်။ စီးရီးသစ် ကတော့ အချိန်ယူရ မှာဖြစ်တဲ့ အတွက် ကြာဦး မှာပါ။ အခု တစ်ခေါက် လာတာကလည်း မိသားစုပွဲ လေးတွေလည်း ရှိတော့ အလည်သ ဘောပြန်လာတာပါ” လို့ ခင်ဘုဏ်းက ပြောပါ တယ်။
ရဲရဲ
Source:popularmyanmar.com
0 comments:
Post a Comment