ဖိုးချစ်က ကမ္ဘာ့ဖလား ကျင်းပပြုလုပ်မယ့် နယူးဇီလန်မှာ သွားရောက်ယှဉ်ပြိုင်ရမယ့် မြန်မာ U 20 ဘောလုံးအသင်းကို သွားရောက် အားပေးမှာဖြစ်တယ်လို့ သိရပါတယ်။
” အဲဒီရက်က ပခုက္ကူမှာကမယ့်ရက်နဲ့ တော့ သွားတိုက်နေတယ်။ ဒါပေမဲ့ ၁ဝ ရက်ကမှာဆိုတော့ ရှေ့ ၂ ရက်၊ ၃ ရက် လောက်များ ညှိနှိုင်းလို့ရမလားလို့ တင်ပြထားပါတယ်။ မဖြစ်မနေတော့ သွားအားပေးရမှာပါ” လို့ နယူးဇီလန်မှာ သွားရောက်အားပေးမယ့်အကြောင်းနဲ့ ပတ်သက်ပြီး ဖိုးချစ်ကပြောပါတယ်။ ကမ္ဘာ့ဖလားအထိ တက်လှမ်းနိုင်ခဲ့တဲ့ U 20 ဘောလုံးအသင်းအနေနဲ့ ဘောလုံး အပေါ်မှာ အာရုံစိုက်နိုင်ဖို့အတွက် ပံ့ပိုးပေးမှုအပိုင်းကိုလည်း ပိုမိုလုပ်ပေးသင့်ပါကြောင်း၊ ကမ္ဘာ့အဆင့်ထိရောက်ရှိ လာပြီဖြစ်တဲ့ အတွက် မြန်မာအပါအဝင် အသင်းတိုင်းကို အထင်သေး လို့မရပါကြောင်း ဖိုးချစ်က ကမ္ဘာ့ဖလားနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကိုပြောပြပါတယ်။
” ကမ္ဘာ့ဖလားနဲ့ပတ်သက်ပြီး မြန်မာအသင်းအပေါ်မျှော်လင့်ချက်ကတော့ တအားလည်းမျှော်လင့် မထားသလို လုံးဝလည်း စိတ်ဓာတ်ချမထားပါဘူး။ မြန်မာအသင်းကို ပြိုင် ဘက်တွေ က လေးစားရတဲ့ အသင်းမျိုးတော့ ဖြစ်စေချင်တယ်” လို့ ကမ္ဘာ့ဖလားယှဉ်ပြိုင်မယ့် မြန်မာအသင်းနဲ့ပတ်သက်ပြီး သူ့ရဲ့မျှော်လင့်ထားမှုကို ဖိုးချစ် ကပြောပါ တယ်။ ဘောလုံးဆိုတာ ဘဝကြီး တစ်ခုလုံးနဲ့ တောင်ယှဉ်ပြီးတော့ ပြောလို့ရပြီး Goal (ဂိုး)ဆိုတာ မြန်မာတွေက အင်္ဂလိပ်စကားလုံးကို မွေးစားလိုက်တာဖြစ်ပြီး Goal ဆို တာ မြန်မာလိုဆိုရင် ပန်းတိုင်ပဲ ဖြစ်ကြောင်း၊ ပန်းတိုင်ကို ရောက်ဖို့ အတွက်ကို မဖြစ်မနေသွားကြရမှာဖြစ်ကြောင်း၊ ဘဝကို လျှောက်လှမ်းရင်းနဲ့ ဟိုဘက်က ပိတ်တာ ဆို့ တာကို လည်းခံရမယ်၊ ဒီဘက်က ပိတ်တာဆို့တာကိုလည်း ခံရမယ် ခြေထိုးဖျက် တာတွေလည်းခံရမှာဖြစ် ကြောင်း၊ ဘောလုံးခြေထောက်ထဲရပြီဆိုတာနဲ့ ခွန်အား စိုက်ပြီး ပြေးရသလို ကျော်လွှားပြီးတော့ လိမ်ရ၊ ခေါက်ရသေးကြောင်း၊ လောကဓံက ကိုယ့်ကို ထု ထောင်းမှုဒဏ်တွေနဲ့ ဆင်တူ ကြောင်း ဖိုးချစ်ကပြောပါတယ်။
” ကျွန်တော်က ဘောလုံးကို ၂ တန်း၊ ၃ တန်းလောက်ကတည်းက ကန်ခဲ့တာ။ ကျွန်တော် အပျော်ရွှင်ဆုံးအချိန် ကတော့ ဘောလုံးကန် နေရတဲ့ အချိန်တွေ ပါပဲ။ ဘော လုံး ကန်ရတာက Team Work လည်းဖြစ်တယ်။ တစ်ယောက်နဲ့တစ်ယောက် မတည့်တဲ့သူဖြစ်နေတာတောင်မှ တစ်သင်းတည်းမှာကန်ရင် မဖြစ်မနေ ဘော လုံး ကိုတွဲ ကစား ရတော့မယ်။ အဲဒီအချိန်မှာ တော့ သူတို့နှစ်ယောက်က Unity ဖြစ်သွားပြီ။ အသင်းဆင်တူအင်္ကျီဝတ်ပြီး ဘောလုံးကွင်းထဲရောက်တဲ့အခါ အတူတူကြိုး စားကြ မယ် ဆိုတဲ့ စိတ်ဖြစ်သွားတယ်။ သေချာတာတစ်ခုကတော့ ဘောလုံးက Team Work ဖြစ်တဲ့ အားကစားနည်းပါပဲ” လို့ ဖိုးချစ်ကပြောပါတယ်။ ဖိုးချစ်က Football Crazy ဘော လုံးအသင်းမှာ ရှေ့တန်းတိုက်စစ်မှူးအနေနဲ့ ကစားဖြစ်နေပြီး ရုပ်ရှင်အစည်းအရုံး အသင်းမှာလည်း ရံဖန်ရံခါ ဝင်ရောက်ကစားပေးဖြစ်ကြောင်း သိရပါတယ်။
လင်းအက္ခရာ
Source:popularmyanmar.com
0 comments:
Post a Comment