ခရီးသည်တင်ကား ပစ်ခတ်သူ တပ်မတော်သားကို အရေးယူအပြစ်ပေးမည်


 ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်တွင်း ခရီးသွားပြည်သူပိုင် ကားတစီးကို ပစ်ခတ်မှု၊ ခရီးသည်တဦး သေဆုံးသွားတဲ့အမှုတွေနဲ့ ပတ်သက်ပြီး အစိုးရ တပ်ဖွဲ့ဝင် တပ်မတော်သားတဦးကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့  ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

မေ ၂ ရက်နေ့ နေ့ခင်းပိုင်းက လားရှိုးကနေ မိုးကုတ်ကိုသွားမယ့် ဗန်ကားတစ်စီးဟာ ကျောက်မဲမြို့နဲ့ မိုင် ၃၀ ကျော်အကွာ ပန်ဂွမ်ရွာနားအရောက် စစ်တပ်ရဲ့ တားဆီးခြင်းကို ခံခဲ့ရပြီး ကားက ချက်ချင်းရပ်မပေးတဲ့အတွက် အပစ်ခံရကာ ကားပေါ်ပါလာသူ မိန်းကလေးတဦး သေဆုံးခဲ့ပါတယ်။

အဲဒီတပ်မတော်သားဟာ အထက်က အမိန့်မရဘဲ ပစ်ခတ်တဲ့အပြင် လူပါသေစေတဲ့အတွက်  ပြင်းပြင်းထန်ထန်အရေးယူခံရမယ်လို့ ရှမ်းပြည် နယ်ရဲတပ်ဖွဲ့ ဒု- ပြည်နယ်ရဲမှူး အောင်မြတ်မိုးက ဒီဗွီဘီကို ပြောပါတယ်။

“ကားက အရှိန်ပြင်းစွာမောင်းလာတယ်။ သူတို့တားတယ်။ တားတော့ ရပ်ဖို့ဘေး ကိုကပ်တဲ့အချိန်မှာ ယာဉ်ယန္တရားရဲ့သဘောအရ တားတဲ့နေရာ ထက်ရွေ့သွားတာပေါ့။ သူတို့တားတဲ့နေရာထက် ကျော်သွားတယ်။ တပ်ဖွဲ့ဝင်က သူတားတာမရပ်တဲ့အတွက်  ဒေါသအလျောက် ဆန္ဒစောပြီး ပစ်လိုက်တာ။ အဲဒီတပ်မတော်သားကို ဖမ်းဆီးချုပ်နှောင်ပြီး စစ်တပ်စည်းကမ်းနဲ့ ပြင်းပြင်းထန်ထန်အရေးယူဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ လူသေဆုံးတဲ့ အတွက် ရဲဘက်က လူသေမှု  ၃၀၄(က)နဲ့လည်း ညှိပါတယ်။ တပ်မတော်သားက စစ်စည်းကမ်းဥပဒေကိုလည်း လိုက်နာရတယ်။ နယ်ဘက်ဥပဒေကို လည်းလိုက်နာရတယ်။ ထောင်ဒဏ်ဆိုလည်း ၁၀ နှစ်အထက် ကျနိုင်ပါတယ်။ တသက်တကျွန်းလည်း ဖြစ်နိုင်တယ်။ ပြင်းထန်ပါတယ်။”

အဆိုပါ တပ်မတော်သားဟာ ခမရ ၁၀၇ တပ်ရင်းက တပ်သားအဆင့်ရှိသူတစ်ဦးဖြစ်တယ်လို့ ဒုပြည်နယ်ရဲမှူးက ဆက်ပြောပါတယ်။ သေဆုံးသူ ပြည်သူအတွက် နစ်နာကြေးပေးလျော်မှု ကိစ္စတော့ မသိရပါဘူး။

 By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment