ထိုင်းက ရေလုပ်သားများကို အထောက်အထားလက်မှတ် လုပ်ပေးနေ

ဓာတ်ပုံ - Tawatchai Kemgumnerd

ထိုင်းနိုင်ငံ၊ ပင်လယ်ငါးဖမ်းလုပ်ငန်းမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအပါအ၀င် ရေလုပ်သားများကို ထိုင်းအစိုးရက အထူးအခွင့်အရေးတရပ်အနေနဲ့ အလုပ်သမားလက်မှတ် လုပ်ဆောင်ပေးနေပါတယ်။

ထိုင်းငါးဖမ်းလုပ်ငန်းမှာ လူကုန်ကူးမှု၊ အဓမ္မခိုင်းစေမှုတွေ အကြီးအကျယ်ဖြစ်ပွားနေတာကြောင့် အစိုးရက ဒီပြဿနာတွေဖြေရှင်းပေးဖို့ ဥရောပသမဂ္ဂ အီးယူ၊ အမေရိကန် အပါအ၀င် အလုပ်သမားအဖွဲ့တွေရဲ့ တောင်းဆိုဖိအားပေးမှုတွေကြောင့် အခုလို အထူးအခွင့်အရေးတရပ်အနေနဲ့ လက်မှတ်ထုတ်ပေးတာလို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

“ကုန်းပေါ်မှာ အလုပ်လုပ်နေသော အလုပ်သမားများကို ဘတ်ရိုက်ပေးမည် မဟုတ်ပါ။ သို့သော် ခြွင်းချက်အနေဖြင့် ပင်လယ်ငါးဖမ်းစက်လှေပေါ်တွင်ရှိသော အလုပ်သမားများကိုတော့ဖြင့် အထူးစပါယ်ရှယ် အခွင့်အရေးတရပ်အနေနဲ့ ဘတ်တွေ လုပ်ပေးပါ့မယ်ဆိုပြီးတော့ ဧပြီ ၁ ရက်ကတည်းက လုပ်ပေးတာ။ ခုချိန်ထိလည်း လုပ်ပေးနေတုန်းပါပဲ။”

ထိုင်းနိုင်ငံမှာ အခုရက်ပိုင်းအတွင်း ထိုင်းအာဏာပိုင်တွေက ငါးဖမ်းစက်လှေတွေပေါ်အထိ သွားရောက်ပြီး အလုပ်သမားလက်မှတ် ရှိ မရှိ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက် ခံထားရခြင်း ရှိ မရှိစသဖြင့် လိုက်လံစစ်ဆေးကြည့်ရှု နေပါတယ်။

ထိုင်းနိုင်ငံတွင်း ငါးဖမ်းစက်လှေတွေမှာ အလုပ်လုပ်နေကြသူတွေ လူကုန်ကူး မခံရအောင်၊ ရောင်းစားမခံရအောင် ထိုင်းအစိုးရက ကြိုးပမ်းလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

နိုင်ငံတကာအလုပ်သမားအဖွဲ့တွေက ထိုင်းငါးဖမ်းစက်လှေတွေဟာ အစိုးရထံမှာ တရားဝင် မှတ်ပုံတင်ထားခြင်း ရှိ မရှိ၊ စက်လှေပေါ်အလုပ်လုပ်နေသူတွေမှာ အထောက်အထား ရှိ မရှိနဲ့ သူတို့ဟာ ဘယ်နိုင်ငံသားတွေဖြစ်ကြောင်း သိနိုင်ရန်၊ ထိုင်းအစိုးရက စိစစ်လုပ်ဆောင်ပေးဖို့ တောင်းဆိုထားကြတာလည်း ဖြစ်ပါတယ်။

မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံရှိ ကျွန်းတခုပေါ်မှာ ငါးဖမ်းလုပ်သားတွေ ကျွန်ပြုခိုင်းစေခံနေရတဲ့အကြောင်း အေပီသတင်းဌာနကထုတ်ဖော်ရေးသားခဲ့ပြီးတဲ့နောက် အဲ့ဒီ သတင်းနဲ့ ပတ်သက်လို့  ထိုင်းအာဏာပိုင်တွေအပေါ် ဝေဖန်ပြောဆိုမှုတွေ အမြောက်အမြား ထွက်ပေါ်ခဲ့ပြီး နိုင်ငံတကာဖိအားတွေ ထိုင်းအစိုးရအပေါ်ကျရောက်ခဲ့ပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားအဖွဲ့တွေရဲ့ ခန့်မှန်းချက်အရ ထိုင်းငါးဖမ်းလုပ်ငန်းမှာ မြန်မာ ၁ သန်းလောက် အလုပ်လုပ်နေကြပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment