NCCT နှင့် UPWC တို့၏ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးမူကြမ်း ၀ တပ်ဖွဲ့လက်မခံ


မေလ ၆ ရက် ၂၀၁၅

ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ဌာနချုပ် ပန်ဆန်းမြို့တွင် ၅ ရက်ကြာ ကျင်းပ သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ညီလာခံ၌ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးမူကြမ်းကို လက်မခံနိုင်ကြောင်း ၀ တပ်ဖွဲ့ခေါင်းဆောင် ပေါက်ယိုချန်းက ပြောဆို လိုက်ပါသည်။

မေလ ၁ ရက်နေ့ မှ ၆ ရက်နေ့ အထိ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မေလ ၅ ရက် အစည်း အဝေးတွင် ၀ တပ်ဖွဲ့ခေါင်းဆောင် ပေါက်ယိုချန်းက မိန့်ခွန်းပြောကြားရာ၌ ထိုသို့ပြောဆို လိုက်ခြင်းဖြစ်ပါသည်။

ပေါက်ယူချန်း၏ မိန့်ခွန်းတွင် အချက် ၃ ချက်ပါရှိပြီး ၀ ပြည်နယ်အစိုးရမှ ဦးစီးဦးဆောင်မှုပြုပြီး နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက် ကာ ဆွေးနွေး ညှိနှိုင်းရေး ကိုယ်စားလှယ်ဖွဲ့စီးပြီး အစိုးရနှင့်နိုင်ငံရေးဆွေးနွေးမှု များ ပြုလုပ်သွားမည်ဟုလည်း ပါရှိပါသည်။

မတ်လ ၃၁ ရက် အပစ်အခတ်ရပ်စဲ ရေးဆိုင် ရာညှိနှိုင်းဆောင်ရွက်ရေး အသင်း NCCT နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ် ဆောင်ရေး လုပ် ငန်း ကော်မတီ UPWC တို့ အတည်ပြုခဲ့သော တနိုင်ငံလုံးပစ်ခတ် တိုက် ခိုက်မှု ရပ်စဲရေး NCA မူကြမ်းသည် လက်တွေ့ဖြစ်ပေါ်နေသော အခြေ အနေနှင့်ပြဿနာ များကိုဖြေရှင်းနိုင်ခြင်း မရှိသောကြောင့် လက်ခံနိုင်ခြင်း မရှိကြောင်း ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ ဥက္ကဌ ပေါက် ယိုချန်းကြေ ပာသည်။

တွေ့ဆုံပွဲပထမနေ့တွင်လည်း ပေါက်ယူချန်းက ၀ပြည်နယ် ကို အသိ အမှတ်ပြု ထောက် ခံ ပေးဖို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းေ ဆာင်များအား တောင်းဆိုခဲ့သေးသည်။

အစည်းအဝေးကို မေလ ၆ ရက်နေ့တွင် အောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပြီး အချက် ၁၂ ချက်ပါ ကြေငြာချက်ကိုပါ ထုတ်ပြန်မည်ဟု သဘောတူ ဆုံးဖြတ်ကြသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment