အိုင်အက်စ် ခေါင်းဆောင် ၄ ဦးကို အမေရိကန် ဆုငွေထုတ်



 အိုင်အက်စ် စစ်သွေးကြွ ခေါင်းဆောင် ၄ ဦးနဲ့ ပတ်သက်ပြီး သတင်း ပေးနိုင်ပါက စုစုပေါင်း ဒေါ်လာ သန်း၂၀ ဆုကြေးငွေ ပေးမယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။

အဲဒီလူ ၄ ဦးဟာ Abdul Rahman Mustafa al-Qaduli ၊ Abu Mohammed al-Adnani ၊ Tarkhan Tayumurazovich Batirashvili နဲ့ Tariq bin al-Tahar bin al-Falih al-Awni al-Harzi တို့ ဖြစ်ကြပါတယ်။

သူတို့ ၄ ဦးဟာ သံသယရှိသူ စာရင်းဝင်တွေအဖြစ် တရားစီရင်ရေး ပရိုဂရမ်ဆိုင်ရာက ဆုကြေးငွေ ထုတ်လိုက်တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံ တက္ကဆက်စ် ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ အိုင်အက်စ် အဖွဲ့က အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

တက္ကဆက်စ်ပြည်နယ် Dallas မြို့ ဆင်ခြေဖုံးရပ်ကွက်တခုမှာ ပြုလုပ်တဲ့ တမန်တော် မိုဟာမက်ဒ်ပုံ ကာတွန်း ပြိုင်ပွဲ ကျင်းပနေတဲ့ ခန်းမတခုရဲ့ အပြင်ဘက်မှာ သေနတ်နဲ့ ပစ်ခတ်ခဲ့သူတွေဟာ အစ္စလာမ်မစ် နိုင်ငံများအဖွဲ့လို့ ခေါ်နေတဲ့ အုပ်စုက စစ်သည်တွေ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

အဲဒီ သေနပ်သမား ၂ ဦးကို ရဲတွေက အသေပစ်သတ် ဖမ်းဆီးခဲ့တာ ဖြစ်ပြီး သူတို့ နှစ်ဦးထဲက တဦးဟာ အကြမ်းဖက်သမားလို့ အစကတည်းက သံသယ ရှိနေသူဖြစ်တယ်လို့ အမေရိကန် မီဒီယာတွေက ပြောကြားခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment