အာဖဂန်က လူအုပ်နဲ့ သတ်ဖြတ်မှုတွင် ၄ ဦးကို သေဒဏ်ချမှတ်


 အစ္စလာမ် ဘာသာဝင်တွေရဲ့ ကုရ်အာန်ကျမ်းစာကို မီးရှို့တယ်ဆိုပြီး မှားယွင်းစွပ်စွဲကာ အမျိုးသမီးတဦးကို သေတဲ့အထိ လူအုပ်စုနဲ့ ၀ိုင်းရိုက်နှက်မှုတွင် အာဖဂန် အမျိုးသား ၄ ဦးကို သေဒဏ် ချမှတ်လိုက်ပါတယ်။

အသက် ၂၈ နှစ်အရွယ် Farkhunda ဆိုသူ အမျိုးသမီးတဦးကို ကုရ်အာန်ကျမ်းစာကို မီးရှို့တယ်ဆိုပြီး စွပ်စွဲပြောဆိုခဲ့ပေမယ့် မျက်မြင်သက်သေတွေက သူမ မလုပ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မတ်လက ဖြစ်ပျက်ခဲ့တဲ့ အမျိုးသမီးတဦးကို ၀ိုင်းဝန်းတိုက်ခိုက် သတ်ဖြတ်ခဲ့မှုကြောင့် အာဖဂန် ပြည်သူတွေအကြားမှာ အံသြ တုန်လှုပ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

Farkhunda အား သတ်ဖြတ်မှုတွင် ပါဝင်သူ အမျိုးသား ၈ ဦးကို တရားသူကြီးအဖွဲ့က ထောင်ဒဏ် ၁၆ နှစ်ချမှတ်ခဲ့ပြီး နောက်ထပ် ၁၈ ဦးကိုတော့ အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။

အခုလို Farkhunda အား လူအုပ်စုနဲ့ ၀ိုင်းဝန်းသတ်ဖြတ်တဲ့ အဖြစ်အပျက်ကြောင့် အမျိုးသမီးတွေကို ပြုမှုဆက်ဆံမှုအပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေလည်း နိုင်ငံတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပါတယ်။

ရဲ ၁၉ ဦးကိုလည်း အခုလို လူအုပ်နဲ့တိုက်ခိုက်မှုကို အကာအကွယ်ပေးဖို့ တာဝန်ပျက်ကွယ်တယ်ဆိုပြီး အရေးယူထားကာ တနင်္ဂနွေနေ့မှာ ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment