စစ်သွေးကြွများ လက်မှ ပြန်လည်ကယ်ဆယ်နိုင် ခဲ့သည့် အမျိုးသမီးများအနက် အနည်းဆုံး ၂၁၄ ဦးတွင် ကိုယ်ဝန်ရှိနေကြောင်း ကုလသမဂ္ဂ အဖွဲ့ပြောကြား


အဘူဂျာ ၊ ၆-၅-၂၀၁၅

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့ မြောက်ပိုင်းတွင် မကြာသေးမီက ဘိုကိုဟာရမ် စစ်သွေးကြွများ လက်မှ ပြန်လည် ကယ်ဆယ် နိုင်ခဲ့သည့် အမျိုးသမီးများနှင့် မိန်းကလေးငယ် များအနက် အနည်းဆုံး ၂၁၄ ဦးမှာ ကိုယ်ဝန် ရှိနေကြောင်း ကုလသမဂ္ဂ အဖွဲ့က မေ ၄ ရက်တွင် ထုတ်ပြန်ချက်ကို Press TV တွင် ရေးသား ဖော်ပြ ထားသည်။

အဆိုပါ အမျိုးသမီး များနှင့် မိန်းကလေးများ အနက် အချို့မှာ ကိုယ်ဝန်ရှိကြောင်း မြင်သာသည့် အခြေအနေတွင် ရှိနေပြီး အချို့မှာမူ ကိုယ်ဝန်ရှိကြောင်း ယခုမှ စမ်းသပ် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၄င်းတို့တွင် HIV နှင့် AIDS ရောဂါပိုးများ ကူးစက်ခံ ထားရခြင်း ရှိ၊ မရှိ ကိုလည်း စမ်းသပ် ပေးထားပြီး ဖြစ်ကြောင်း ကုလ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ (UNFPA) မှ ညွှန်ကြားရေးမှူး ဘာဘာတွန် ဒီအိုဆိုတွန် မေဟီ က ထုတ်ပြန်ချက် တွင် ပြောကြား ခဲ့သည်။

ထို့ပြင် အမျိုးသမီး များနှင့်အတူ စစ်သွေးကြွ များ၏ ဖမ်းဆီးခြင်းကို ခံရသည့် ကာလအတွင်း မွေးဖွားခဲ့သော ကလေးများလည်း ပါဝင်ခဲ့ကြောင်း၊ ယင်း ကလေးငယ် များမှာ အစိုးရ တပ်ဖွဲ့ဝင် များ၏ ကယ်ဆယ် ခြင်းကို မခံရမီ ကာလပတ်လုံး တောတောင်ထဲ တွင်သာ နေထိုင်ခဲ့ ရကြောင်း ၄င်းက ထပ်လောင်း ပြောကြား ထားသည်။

နိုင်ဂျီးရီးယား အစိုးရ၏ ထုတ်ပြန်ချက် အရ ၄င်းတို့၏ တပ်ဖွဲ့ဝင် များသည် လွန်ခဲ့သည့် သီတင်းပတ် အတွင်းက ဘိုကိုဟာရမ် စစ်သွေးကြွ များ၏ လက်အတွင်းမှ ဖမ်းဆီးခံ အမျိုးသမီးနှင့် မိန်းကလေးငယ် စုစုပေါင်း ၇ဝဝဝ နီးပါး ခန့်ကို ပြန်လည် ကယ်ဆယ် နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ကယ်ဆယ်ခြင်း ခံရသူများ အနက် အများစုမှာ မာဒါဂါလီမြို့ နှင့် အနီးတစ်ဝိုက် ရှိ ဒေသများမှ ဖြစ်ကြောင်း ထုတ်ပြန်ချက် များတွင် ဖော်ပြ ပါရှိသည်။

ဘိုကိုဟာရမ် စစ်သွေးကြွ အဖွဲ့သည် ယခုအခါ လက်နက် အင်အားနှင့် လောင်စာများ ပြတ်လပ်လျက် ရှိပြီး အဖွဲ့အတွင်းမှ ခေါင်းဆောင်များ နှင့် သာမန် အဖွဲ့ဝင် စစ်သွေးကြွများ အကြား တွင်လည်း တင်းမာမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း ယင်း စစ်သွေးကြွ များ လက်မှ ပြန်လည် လွတ်မြောက် လာသူများက ပြောကြား ထားကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment