သက်တမ်းတစ်ခုရဲ့ အစိတ်အပိုင်း တစ်စ


အနုပညာကို ဘာမှန်း မသိဘဲနဲ့အနုပညာလောကထဲ ရောက်လာခဲ့သူ တစ်ယောက်။ လုပ်မိပြီ ဆိုမှဖြင့် ဖြစ်အောင် လုပ်မယ် ဆိုတဲ့ စိတ်ကလေး တစ်ခု ကိုအခြေခံ ပြီးအောင်မြင်အောင် ကြိုးစားမိခဲ့တယ်။ ဝတ္ထုလေးဖတ် ကာတွန်း ထဲက အိုက်တင်တွေ လုပ်ကြည့်၊ ကိုယ့်ရှေ့က အောင်မြင်နေတဲ့ သရုပ်ဆောင် တွေကို အားကျရင်း တစ်ကား စ နှစ်ကားစ ရိုက်လာရာက အနုပညာ ဆိုတဲ့ အလုပ်ကို ပျော်မွေ့လာခဲ့တယ်။ ကိုယ် တတ်နိုင်သလောက် လုပ်နိုင်သလောက် ဆရာတွေ သင် ပေးတာတွေကို လုပ်ကြည့်ရင်း ကြိုးစားနေတဲ့ အချိန်မှာ နာမည်ကြီး ဒါရိုက်တာ တစ်ယောက်က ကားရိုက်ဖို့ လာကမ်းလှမ်းတဲ့ အချိန်မှာ တအား ပျော်ခဲ့ရတယ်။ ဒါပေမဲ့ အဲ့ဒီအပျော်တွေ ဟာ သူ့ဆီက စကားတွေ ကြားလိုက် ရတဲ့ အချိန်မှာတော့ အရောင်တွေ ပြောင်းလဲ သွားခဲ့တယ်။ အဲ့ဒါကတော့ “သမီး အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။ မင်းသားက မကြိုက်ရင် ပထမ တစ်ရက်ပဲ ရိုက်ပြီး နောက်နေ့ မင်းသမီး ပြန်ချိန်းပေးရမယ်” တဲ့..ဘဝမှာ ရိုက်ဖူးခဲ့တဲ့ ကားတွေ အဲ့ဒီလို ချိန်းခံရမယ်လို့ အပြောမခံဖူးတဲ့ ကျွန်မ ဒုတိယနေ့ မှာ လူပြောင်းပစ်လိုက်မှာ စိုးလို့ ရှုတင် ပထမဆုးံနေ့မှာပဲ အသေအလဲ ဂရုစိုက်ပြီး ကြိုးစား သရုပ်ဆောင်ရင်း အဲ့ဒီ ကားလေးဟာ မြတ်ကေသီအောင် ဆိုတဲ့ ဆယ်ကျော်သက် မင်းသမီး တစ်ယောက်ရဲ့ဘဝကို တစ်ဆစ် ချိုးပြောင်းလဲ သွားစေ ခဲ့ပါတယ်။ ဒီလို တွန်းအားတွေကြောင့် ကျွန်မရဲ့ မာနတွေ မခံချင် စိတ်တွေဟာ တစ်စ တစ်စ ကြိုးစားရင်း အနုပညာ ဆိုတဲ့ အရာကြီးကို ခု အသက်အရွယ်ထိ လေ့လာရင်း ဖက်တွယ် ထားဆဲပါ..
(ပေါ်ပြူလာဂျာနယ် ၁၈နှစ်ပြည့် အမှတ်တရအတွက်)
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment