အိမ်ထောင်ရေးမှာ အဆင်မပြေရတဲ့ အချက်က အနုပညာကြောင့်လို့ ဆိုလာတဲ့ ခင်သဇင်က လက်ရှိ အိမ်ထောင်ရေး အခြေအနေက ၅၀ ၊ ၅၀ ပဲလို့ ဖွင့်ဟ


အိမ်ထောင်သက် ၂နှစ်နီးပါး ရှိလာပြီဖြစ်တဲ့ ခင်သဇင်က အိမ်ထောင်ဦးဘ၀မှာ သာယာပျော်ရွှင်စရာ ကောင်းခဲ့ပေမဲ့ အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း ခင်ပွန်းဖြစ်သူ ကိုထူးခြားရဲ့ အချစ်ကြီးမှု စိတ်မချမှု သ၀န်တိုမှုတွေကြောင့် အနုပညာအလုပ်ကို ရပ်တန့်ခဲ့ရတဲ့အတွက် သူမရဲ့အနုပညာအပေါ် ယုံကြည်သက်ဝင်မှုတွေ အညွန့်ကျိုးကျခဲ့ရသလို အိမ်ထောင်ရေး နဲ့ပတ်သက်လို့လဲ သူမ စိတ်ပင်ပန်း ကျဉ်းကျပ်နေခဲ့ရတယ်လို့ ဆိုလာပါတယ်။ 
"အစ်မတို့လက်ရှိအိမ်ထောင်ရေးက တစ်ယောက်နဲ့တစ်ယောက် အချစ်လွန်လို့ ဖြစ်နေကြတဲ့ ပြသနာပေါ့။ သူကလဲ ဇင့်ကို ချစ်လို့ ယူပြီးရင်လဲ အနုပညာအလုပ်တွေ လုပ်ခွင့်ပေးမယ်ဆိုလို့ ဇင်ကယူခဲ့တယ်။ ကိုယ်ကလဲ သူ့ကို အလျော့ပေးတယ်။ ဒါပေမဲ့ ချစ်လို့သာ အလျော့ပေးနေတာ ကိုယ့် type မဟုတ်ဘူး။ တစ်ကျက်ကျက်ပဲ။ ချစ်လို့ကို သ၀န်တိုပြီးဖြစ်နေကြတာပေါ့။ ရှင်းရှင်းပြောရရင် ဇင်က ကုမ္ပဏီဝန်ထမ်း အရမ်းလုပ်ကြည့်ချင်တယ်။ သူက ခုချိန်ထိ လုံးဝပေးမလုပ်ဘူး။ အနုပညာအလုပ်လဲ လုံးဝ မလုပ်ရတော့ဘူး။ ဓာတ်ပုံလေးတောင် ထွက်မရိုက်ရတော့ဘူး။ အခုမှမဟုတ်ဘူး။ ဒီနေ့ယူပြီး နောက်နေ့ကတည်းက အဲ့ဒီလိုလုပ်ပစ်လိုက်တာ။ မယူခင်ကတော့ လုပ်လို့ရတယ် ပြောပြီး သူယူတယ်။ အဲ့ဒီမကျေနပ်တာတွေက ရင်ထဲမှာ အစိုင်အခဲတွေဖြစ်ပြီး သူနည်းနည်းလေးအမှားလုပ်လိုက်တာနဲ့အရင်ဒေါသတွေကပြန်ပေါ်အဲ့လိုပေါ့။ သူကလဲ စိတ်ညစ်တော့ အပြင်တွေထွက်၊ အဲ့ဒါကို ကိုယ်ကလဲ မကျေမနပ်တွေဖြစ် ပြီးလို့ပြန်တည့်သွားရင်လဲ သူတို့မဟုတ်သလိုပဲ။ ဒါပေမဲ့အခု၂ယောက်သားက ဘယ်လိုဆုံးဖြတ်လိုက်လဲဆိုတော့ ငါ့တို့အချစ်လွန်နေကြပြီ။ လျှော့မှဖြစ်တော့မယ်ဆိုပြီးဖြစ်လာတယ်။ လင်မယားချင်းကို ရယ်ရတယ်။ ငါဖုန်းများခေါ်လိုက်ရင် သိက္ခာများကျသွားမလား။ ကိုယ်တင်မဟုတ်ဘူး။ သူလဲဖြစ်နေတာနော်။ သဇင့်ဆီက ဖုန်းလာရင်သူ့မှာနေစရာနေရာမရှိဘူးတဲ့။ သူ့မိန်းမ ဖုန်းအရင်စခေါ်တာကို ကြွားသေးတာ။ ကိုယ်ကလဲ သူမခေါ်ရင် သူတောင် စမခေါ်တာ ငါလဲမခေါ်ဘူးဆိုပြီးလဲရှိတယ်။ ခေတ်သစ်အိမ်ထောင်ရေးထင်တာပဲ"လို့ သူမက ပြောပြသွားပါတယ်။
အစပိုင်း သရုပ်ဆောင်တဲ့အလုပ်ကို လုပ်နိုင်မယ် မထင်ခဲ့တဲ့ ခင်သဇင်ဟာ သူမအနုပညာပိုး ၀င်ခဲ့ရပုံကိုတော့ သူမက "အစ်မ အနုပညာကို အရမ်းဝါသနာပါတယ်။ အစ်မသရုပ်ဆောင်ပိုင်းကို လုပ်နိုင်မယ်လို့လဲမထင်ဘူး။ အဲ့ဒီမှာ ကား ၂ကားလောက် ရိုက်လိုက်တယ်။ အဲ့ဒီကနေ အနုပညာကို အရမ်း ရူးသွပ်သွားတယ်။ အိမ်ထောင်ရေးမှာ အဆင်မပြေရတဲ့ ပထမဆုံးအချက်က အဲ့ဒီအနုပညာကြောင့်ပဲ။ သူအစ်မကို အနုပညာ လုပ်ရမယ်လို့ပြောပြီး မလုပ်ခိုင်းတဲ့အခါမှာ အစ်မရဲ့ဒေါသတွေက အသွေးထဲအသားထဲကနေ ထွက်လာတယ်။ ဒါပေမဲ့ အနုပညာကြောင့်နဲ့ အစ်မတို့အိမ်ထောင်ရေးပြိုကွဲရမယ်ဆိုလဲ အစ်မ၀မ်းမနည်းဘူး။ အစ်မက အစ်မယုံကြည်ရာကို အမြဲလုပ်တဲ့သူ။ အခု မလုပ်သေးဘူးဆိုတာလဲ အစ်မ အင်မတန်မှ ဦးနှောက်နည်းတဲ့ မိန်းမဖြစ်နေမှာစိုးလို့အစ်မသူ့ကို ညှိကြည့်မယ်။ ညှိလို့မှမဖြစ်နိုင်ဘူးဆိုရင် စောစောစီးစီး နှစ်ယောက်လုံး ငယ်ငယ်ရွယ်ရွယ်နဲ့လမ်းခွဲတာကောင်းတယ်။ လို့သတ်မှတ်ထားတယ်"တဲ့။
သူမရဲ့စိတ်ခံစားချက်လေးတွေကို facebook စာမျက်နှာကတစ်ဆင့် စာလေးတွေရေးပြီး နောက်လူငယ်တွေ အိမ်ထောင်ရေးတစ်ခုကို အလွယ်တကူ မဆုံးဖြတ်ဖို့ ပို့စ်လေးတွေတင်လေ့ရှိတဲ့ ခင်သဇင်ဟာ သူမလို လူငယ်တွေ မမှာစေချင်တာကြောင့်လို့ ခုလို လုပ်ပေးဖြစ်တာလို့ ဆိုသွားပါတယ်။
  "လက်ရှိအိမ်ထောင်ရေးနဲ့ပတ်သက်လို့ အစ်မစိတ်ခံစားချက်က ၅၀ ၊ ၅၀ ပဲ။ ဘာလို့လဲဆိုတော့ မဖြစ်နိုင်တဲ့ဟာကို အရမ်းဖမ်းဆုပ်ထားမယ်ဆိုရင် ကိုယ်ပဲ နာကျင်ရမှာ။ လွှတ်လိုက်တာပဲ စိတ်ချမ်းသာတယ်။ သူ့ဖက်က မလွှတ်ပေးစရာလဲ မရှိဘူး။ အစ်မ မမှားဘူးဆိုတာလဲ သူသိတယ်။ သူက အတ္တတွေကြီးနေတာလေ။ သူလဲကြာတော့ ပင်ပန်းလာတယ်။ ကဲခင်သဇင်ရေ မင်းသွားလိုက်ပါတော့ ။ မင်းလုပ်ချင်တာ လုပ်လိုက်ပါတော့ ဆိုတာမျိုး ဖြစ်လာတယ်။ အစ်မအရင်က အိမ်ထောင်ရေးစာအုပ်တွေ သိပ်မဖတ်ဘူး။ အခုနောက်ပိုင်းဖတ်ဖြစ်တယ်။ ပြီးတော့ အိမ်ထောင်ရေးဆိုတာကို တကယ် သိလာတဲ့အခါမှာ အရမ်းကြောက်လာတယ်။ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး စာတွေရေးတင်တယ်ဆိုတာ အစ်မလိုနောက်လူတွေကို မမှားစေချင်လို့ပါ။"
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment