ပေါင်မှာ ထိုးထားတဲ့ နှင်းဆီ တက်တူးကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်လို့ ဆိုတဲ့ ဖွေးဖွေးက ဘယ်ကိစ္စကိုမှ ကြာရှည်ခေါင်းထဲမထည့်ထားဘူးလို့ ဖွင့်ဟ


ဖွေးဖွေးဆိုတဲ့ သရုပ်ဆောင်တစ်ယောက်  အနုပညာလောကထဲကို စပြီး ၀င်ရောက်လာကတည်းက ဆိုးရွားတဲ့ ကောလဟလ ဝေဖန်မှုတွေ တစ်စုံတစ်ရာ မရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ သင်္ကြန်ကစလို့ အမျိုးသားတစ်ယောက်နဲ့ တွဲဖက်ရိုက်ထားတဲ့ ပုံတွေ ၊ လက်ရှိ အောင်မြင်နေတဲ့ နှင်းဆီကားနဲ့ပတ်သက်လို့ သူမရဲ့ ပေါင်ရင်းမှာ အမှတ်တရထိုးထားတဲ့ တက်တူးပုံတွေကြောင့် ပရိသတ်ကြား တော်တော်လေး ဂယက်ရိုက်ခဲ့တာ အားလုံးအသိပါ။ သူမ မဖြန့်ပဲနဲ့ လူမှုကွန်ယက်ပေါ်ကို ပြန့်နှံ့လာတဲ့ ဓာတ်ပုံတွေနဲ့ပတ်သက်ပြီး သူမရဲ့ ရင်တွင်းစိတ်ခံစားချက်တွေကို
"အဲ့ဒါကဖွေး မပြောချင်ပါဘူး။ ဖွေး အဲ့ဒီကိစ္စကြောင့်လဲ တော်တော်လေးစိတ်ညစ်နေတယ်။ ဖွေးဖြန့်တာလဲမဟုတ်ပါဘူး။ စည်းမစောင့်တဲ့သူတွေဖြန့်လိုက်တာပါ။ ဖွေးကတော့ ဘယ်တော့မှဖြန့်လေ့မရှိပါဘူး။ ဖွေး အနုပညာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေလောက်ပဲ ပရိသတ်နဲ့ဝေမျှလေ့ရှိပါတယ်။ ဖွေးစိတ်ကို တော့ အကောင်းတွေရော အဆိုးတွေရော အတွက် လူ့လောကဆိုတာလဲ အကောင်းတွေရော အဆိုးတွေရော ရောနေတဲ့ ဘုံလေးဘုံထဲက ဒုက္ခဘုံပဲလေ။ အဲ့ဒီအတွက် အမြဲတမ်းတော့ပြင်ဆင်ထားတာပေါ့။ မကောင်းတာတွေပြောတာတွေတို့ဝေဖန်တာတွေကိုလဲ မင်းသမီးဖွေးဖွေး အနေနဲ့ပြောရမယ်ဆိုရင်တော့ ကိုယ့်ကို ချစ်တဲ့ ပရိသတ်တွေကိုပဲ ကိုယ် ဂရုစိုက်လိုက်တယ်။ ကိုယ့်ကို တကယ်မချစ်တဲ့ သူတွေကိုတော့ ဂရုမစိုက်ဘူးလို့ပြောရမှာပဲ။ ဒါပေမဲ့ မင်းသမီးဖွေးဖွေး မဟုတ်ပဲ အပြင်ကသာမာန်လူ ဖွေးဖွေးတစ်ယောက်အနေနဲ့ပြောရမယ်ဆိုရင်တော့ ဖွေးကိုလဲ ငယ်ငယ်တုန်းက အဖေနဲ့အမေနဲ့မွေးတယ်။ ဆွေမျိုးတွေရှိတယ်။ သူငယ်ချင်းတွေရှိတယ်။ မူကြိုကနေပြီး အဖြူအစိမ်းလေးတွေ ၀တ်ပြီးကြီးပြင်းလာတဲ့ သူလိုငါလို မိန်းကလေးပါပဲ။ တခါတလေ စိတ်အနှောင့်အယှက်လေးတွေတော့ ရှိတာပေါ့။ မင်းသမီး တစ်ယောက်အနေနဲ့စိတ်တင်းပြီး ပြောရရင်တော့ ဘာမှမဖြစ်ပါဘူး။ ဖေ့စ်ဘုတ်ဆိုတာ အကောင်းအဆိုး အကုန်လုံးရောထွေးနေတယ်။ ဘ၀တစ်ခုလို့တော့ဖွေး မသတ်မှတ်ထားပါဘူး။ ဖွေးတို့ဆိုလဲ ကိုယ့် image ကို ထိန်းတယ်လေ။ ပြောမယ်ဆိုရင် ၀င်ငွေအများကြီး ရအောင်မလုပ်ပဲ ၀ါသနာနဲ့လုပ်နေတာပေါ့။ အဲ့ဒါကိုမှ ကိုယ့် image ကိုလဲ သူတို့ပျက်စီးအောင် လုပ်နိုင်တယ်။ ဒါပေမဲ့ ဘာဖြစ်မယ်ဆိုတာ ကြိုမသိရဘူးပေါ့။ အဓိကကတော့ ကိုယ့်ဟာကိုယ် အကောင်းဆုံးဖြစ်အောင်ကြိုးစားနေပါတယ်။ ကျန်တာတွေကတော့ ဖွေးခေါင်းထဲသိပ်မထည့်ထားပါဘူး။" လို့ပြောပြခဲ့ပါတယ်။
အောင်မြင်မှုတွေနဲ့ ကျွန်မက နှင်းဆီပါမောင် ဇာတ်ကားအကြောင်းကိုလည်း သူမက  "ကိုယ်မျှော်တောင်မမျှော်မှန်းထားတဲ့ အိပ်မက်တစ်ခုပြည့်သွားသလိုပဲ။ ကိုယ်ဒီလောက်ကြီး အောင်မြင်လိမ့်မယ်လို့မျှော်တောင် မမျှော်လင့်ထားဘူး။ မောင်တွေ ဘာတွေလဲ ဖေ့စ်ဘုတ်မှာ ရေးပြီးတော့ တင်ကြတယ်။ ကိုယ်တွေကို အသိအမှတ်ပြုကြတယ်။ အတိုင်းမသိ ၀မ်းသာမိပါတယ်။ ဖွေး ရိုက်တဲ့ ကားကြီးတွေနဲ့ပတ်သက်ရင် မကြုံ ဖူးတာတွေကြုံရတာများတယ်။ လက်ပံတုန်းကလဲ လက်ပံတုန်းကမို့လို့၊ ခုနှင်းဆီပါမောင် ဆိုတော့လဲ နှင်းဆီပါမောင်မို့လို့ ဖွေးကတော့ အတတ်နိုင်ဆုံး positive ဖြစ်အောင်နေတယ်။ ထုတ်လုပ်သူ ဘက် တွေးမယ်ဆိုရင် အောင်တော့ အောင်မြင်တယ်။ ဒါပေမဲ့ ငွေကြေးအရ အောင်မြင်သင့်သလောက်တော့ မအောင်မြင်တော့ဘူး လို့ထင်ပါတယ်။ ကိုယ်သာသူ့နေရာမှာဆိုရင်လို့တွေးလိုက်တာနဲ့ အားလုံး ဘယ်လိုဖြစ်မလဲဆိုတာသိမှာပါ"တဲ့။
ဖွေးဖွေးဟာ ခုလက်ရှိ ပထမထပ်ဟန်းနီးမွန်းဆိုတဲ့ ဇာတ်ကားကို မင်းသားဇေရဲထက်နဲ့အတူ ရိုက်ကူးနေပြီး  ဒီနှစ်ထဲမှာ ကားကြီး ၃ကား ရိုက်ကူးဖို့ လက်ခံထားတယ်လို့ ဆိုသွားပါတယ်။ 
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment